ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးနည်းပြသင်တန်းဖွင့်လှစ်ပါတီမှ တာဝန်ရှိသူများ လာရောက်ပို့ချ

 

ရန်ကုန် ဖေဖော်ဝါရီ ၂၄

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ နိုင်ငံရေး နည်းပြသင်တန်းအမှတ်စဉ် (၁) သင်တန်းကို ယမန်နေ့ နံနက်မှ ယနေ့ ၂၅ ရက် ညနေ ၄ နာရီအထိ ဖွင့်လှစ် ပို့ချလျက်ရှိကြောင်း သိရ သည်။

အဆိုပါ နိုင်ငံရေး နည်းပြသင်တန်းပထမ နေ့တွင် ပါတီဗဟို အတွင်းရေးမှူး ဒေါက် တာကျော်ကျော်ဌေးနှင့် ပါတီဗဟိုအလုပ်အမှု ဆောင်ဦးဝေလွင်တို့က သင်ခန်းစာများ ပို့ချခဲ့ သည်။

ယနေ့နံနက်ပိုင်း တွင် ပါတီဗဟိုအတွင်း ရေးမှူး ဦးပိုက်ထွေးနှင့် နေ့လယ်ပိုင်းတွင် ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးခင်ရီတို့က သင်ခန်း စားများ ဆက်လက် ပို့ချခဲ့ကြောင်း သိရ သည်။

ထိန်ဝင်း(YGN)