ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ပါတီဝင်အင်အားစိစစ်ခြင်းလုပ်ငန်းများဆောင်ရွက်

 

ရန်ကုန် ဖေဖော်ဝါရီ ၂၄

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် အမှတ်(၂၆)ရပ်ကွက်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဝင်များထံသို့ မြို့နယ်ပါတီဥက္ကဋ္ဌ လမ်းညွှန် မှာကြားမှုနှင့်အတူ မြို့နယ်ပါတီတာဝန် ရှိသူမှ ဦးဆောင်၍ ပါတီဝင်စိစစ်ခြင်း လုပ်ငန်းဆောင်ရွက်ရင်း ပါတီဝင်များနှင့် ထိတွေ့ကာ ယနေ့ နိုင်ငံရေးအခြေအနေ များလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပါတီဝင်များထံသို့ တစ်အိမ် တက်ဆင်း သွားရောက်ရာတွင် ပြည်ခိုင်ဖြိုး ပါတီ မြို့နယ်ကော်မတီဝင်ဦးမြင့်အောင်နှင့် (၂၆)ရပ်ကွက်ပါတီဥက္ကဋ္ဌ ဦးစိန်သောင်း တို့ ဦးဆောင်မှုနှင့်အတူ ပါတီဝင်များ လည်း လိုက်ပါဆောင်ရွက်ခဲ့ကြောင်း သိရ သည်။ ထိုသို့ ရပ်ကွက်အတွင်းသို့ ကွင်း ဆင်းဆောင်ရွက်ရင်း ပါတီဝင်အသစ် မိသားစုမှ သမီးလေးမစုပိုချစ်ရဲ့ဦးနှောက် အကျိတ်ခွဲစိတ်ကုသနိုင်ရေးလိုအပ်သည်များ ပံ့ပိုးကူညီမှုပေးနိုင်ရန်အတွက် အားပေး စကား ပြောကြားခဲ့သည်။

ဇော်ရဲထွဋ်(ဒဂုံတောင်)