အဂတိလိုက်စားမှုဖြင့် တရုတ်စစ်ဘက်ဗိုလ်ချုပ်ကြီး ထောင်ဒဏ် တစ်သက်တစ်ကျွန်းကျ

ဗိုလ်ချုပ်ကြီး ဖန်ဖင်ဟွေး(REUTERS)

 

 အကျင့်ပျက်ခြစားမှုဖြင့် အပြစ်ရှိကြောင်း တွေ့ရှိပြီးနောက် တရုတ်စစ်ဘက်တရားရုံး တစ်ရုံးက ထိပ်တန်း ကာကွယ်ရေးဌာနတစ်ခု၏ အကြီးအကဲဖြစ်ခဲ့သော စီနီယာဗိုလ်ချုပ်ကြီး တစ်ဦးကို ထောင်ဒဏ်တစ်သက် တစ်ကျွန်းချမှတ်ခဲ့သည်ဟု ဆင်ဟွာသတင်းက ပြောကြားသည်။

သမ္မတ စီကျင်းပင်၏ အကျင်ပျက်ခြားမှု တိုက်ဖျက်ရေး လုပ်ငန်းတွင် တရုတ်စစ်ဘက် သည်လည်း အရေးပါသော အာရုံ စိုက်စရာဖြစ်နေသည်။

၂၀၁၇ က အမေရိကန် သမ္မတဒေါ်နယ်ထရန့်နှင့် ပထမအကြိမ် တွေ့ဆုံမှုတွင် သမ္မတ စီကျင်းပင်နှင့်အတူ လိုက်ပါခဲ့သော စီနီယာဗိုလ်ချုပ်ကြီး ဖန်ဖင်ဟွေးသည် ပူးတွဲစစ်ဦးစီးဌာန အကြီးအကဲအဖြစ် ၂၀၁၈ နှစ်ကုန် ပိုင်းက ရှင်းလင်းပြောကြားခြင်း မရှိဘဲ အစားထိုးခံခဲ့ရသည်။

၎င်းကို အကျင့်ပျက်ခြစားခြင်း မသင်္ကာမှုဖြင့် စုံစမ်းစစ်ဆေးနေသည်ဟု အစိုးရကနောက်ပိုင်းတွင် အတည်ပြုသည်။

ဖန်သည် နောက်ပိုင်းတွင် လက်နက်ကိုင် တပ်ဖွဲ့များကို ထိန်းချုပ်သော သမ္မတစီကျင်းပင် ဦးဆောင်သည့် ဗဟိုစစ်ကော်မ ရှင်အဖွဲ့ဝင်အဖြစ်မှလည်း ၂၀၁၇ ကွန်မြူနစ်ပါတီ ညီလာခံ၌ အစားထိုးခံရသည်။

ဖန်သည် အကျင့်ပျက်ခြစားမှုနှင့် ရှင်းမပြနိုင်သော ကြီးမားသည့် ချမ်းသာကြွယ်ဝခြင်းကြောင့် အပြစ်ရှိသည်ဟု စစ်ဘက်တရားရုံးက တွေ့ရှိခဲ့ကြောင်း ဆင်ဟွာသတင်းက ဖော်ပြသည်။

၎င်း၏ တရားမဝင်နည်းဖြင့် ရယူထားသော ပိုင်ဆိုင်မှုများကို သိမ်းဆည်း၍ အစိုးရထံ အပ်နှံမည်ဟု ဆင်ဟွာက ဖော်ပြသော်လည်း အသေးစိတ်မပြောပေ။

—Ref:Reuters