ကချင်ပြည်နယ် မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ၊ ဟဲပုကျေးရွာတွင် ကျင်းပပြုလုပ်သည့် ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲအခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးတက်ရောက်ချီးမြှင့်

 

မိုးညှင်းမြို့နယ်၊ ဖေဖော်ဝါရီ ၁၈

ယနေ့ ညနေ ၄ နာရီအချိန်တွင် မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ၊ ဟဲပုကျးရွာ ဘောလုံးကွင်းတွင် ပြုလုပ်ကျင်းပသည့် အင်းတော်ကြီးဒေသရှိ ကျေးရွာများမှ ပါတီဝင်အဆိုပြုလွှာစုပေါင်းပေးအပ်ပွဲအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး တက်ရောက်ချီးမြှင့်ခဲ့သည်။

ပထမဦးစွာ အခမ်းအနားအား နိုင်ငံတော်အလံအားအလေးပြု၍ နိုင်ငံတော်သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး ပါတီဝင်အဆိုပြုလွှာ ၁၉၂၈ စောင်အား အင်းတော်ကြီးဒေသ ပါတီနာယက ဦးကြည်လင်က ပေးအပ်ခဲ့ရာ ပါတီအထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်းမှ လက်ခံရယူခဲ့သည်။

၎င်းနောက် ပါတီဝင်အသစ်တစ်ဦးမှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီပါတီသို့ ဝင်ရောက်လာရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီးနောက် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးမှ နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ပြီး အခမ်းအနားကို ညနေ ၅ နာရီ ၁၅ မိနစ်အချိန်တွင် ကြွေးကြော်သံများဖြင့် အောင်မြင်စွာရုပ်သိမ်းခဲ့သည်။

အခမ်းအနားအပြီးတွင် တက်ရောက်လာသည့် ပါတီဝင်အသစ်များအား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေနှင့် တာဝန်ရှိပုဂ္ဂိုလ်များမှ ပါတီရင်ထိုးတံဆိပ်များ တပ်ဆင်ပေးခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးနှင့်ဇနီး ဒေါ်စိုးဝတ်ရည်၊ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်းနှင့်ဇနီး ဒေါ်မြင့်မြင့်စိုး၊ ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသည့် ဦးဝဏ္ဏမောင်လွင်နှင့်ဇနီး ဒေါ်လင်းလင်းတင်၊ ဦးမြင့်စိုး၊ ကချင်ပြည်နယ်တာဝန်ခံ ဒေါက်တာအောင်မြတ်ဦး၊ ကချင်ပြည်နယ် ပါတီဥက္ကဋ္ဌ ဦးရားဝမ်ဂျုံ၊ ဗဟိုကော်မတီဝင် ဒေါက်တာနန္ဒာလှမြင့်၊ ကချင်ပြည်နယ်နှင့် မိုးညှင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကော်မတီဝင်များ၊ ပါတီဝင်များ စုစုပေါင်းအင်အား ၂၅၀၀ ဦး တက်ရောက်ခဲ့ကြသည်။