ဆော်ဒီအိမ်ရှေ့မင်းသား အာရှခရီးစဉ်အတွင်း ကန်ထရိုက်ချုပ်ဆိုမှုများ ပြုလုပ်မည်

အစ္စလာမ္မာဘတ် ဖေဖော်ဝါရီ ၁၇

ဆော်ဒီအာရေဗျနိုင်ငံ၏ ဩဇာအာဏာကြီးမားသည့် တော်ဝင်အိမ်ရှေ့မင်းသား မိုဟာမက် ဘင်ဆယ်လ်မန်သည် တနင်္ဂနွေနေ့က ပါကစ္စတန်သို့ ရောက်ရှိခဲ့သည်။ပါကစ္စတန်သို့ ရောက်ရှိမှုသည် ၎င်းအာရှခရီးစဉ်အစဖြစ်ပြီး ယင်းခရီးစဉ်အတွင်း အကျိုးအမြတ်များသည့် ကန်ထရိုက်စာချုပ် ချုပ်ဆိုမှုများ ပြုလုပ်ရန် ကြိုးပမ်းသွားမည်ဖြစ်ကာ ၎င်း၌ မဟာမိတ်များ ရှိနေသေးသည်ကို ထုတ်ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။

အမ်ဘီအက်စ်ဟု လူသိများသည့် ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင်ဆယ်လ် မန်သည် ပါကစ္စတန်၌ တနင်္လာနေ့မတိုင်မီအထိ နေထိုင်မည်ဖြစ်သည်ဟု ခန့်မှန်းရသည်။ အိန္ဒိယနှင့် ဆော်ဒီအာရေဗျ၏ အဓိကယှဉ်ပြိုင်ဘက်ဖြစ်သည့် အီရန်တို့က ပါကစ္စတန်ကို မကြာသေးမီက ၎င်းတို့မြေပေါ်တွင် အသေခံဗုံးခွဲ တိုက်ခိုက်မှု လုပ်ဆောင်ခဲ့သည့် စစ်သွေးကြွအုပ်စုများကို ကူညီပံ့ပိုးပေးနေသည်ဟု စွပ်စွဲလျက်ရှိ သည်။ ဒေသတွင်း၌ ထိုသို့တင်းမာမှုများ အမြင့်ဆုံးဖြစ်ပွားနေချိန်တွင် ဆော်ဒီအိမ်ရှေ့ မင်းသား၏ ခရီးစဉ် ပေါ်ထွက်လာခြင်း ဖြစ်သည်။

ပါကစ္စတန်သို့ ရောက်ရှိပြီးနောက်တွင် မိုဟာမက်သည် အိန္ဒိယသို့ သွားမည်ဖြစ်ပြီး အိန္ဒိယဝန်ကြီးချုပ် နာရိန္ဒြာရာ မိုဒီနှင့် ရေနံဝန်ကြီး ဒါမန်ဒရာ ပရာဒဟန်တို့နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။ အိမ်ရှေ့မင်းသားသည် လာမည့်ကြာသပတေးနေ့ နှင့် သောကြာနေ့တို့တွင် တရုတ်နိုင်ငံသို့ အလည်အပတ်သွားရောက်ကာ ၎င်း၏ အာရှ ခရီးစဉ်ကို အဆုံးသတ်မည်ဟု ခန့်မှန်းရသည်။

 

—Ref: AFP