ထိုင်းစစ်အစိုးရ ဝန်ကြီးချုပ်ပါ ၆၈ ဦးကို ကိုယ်စားလှယ်လောင်းအဖြစ် ကော်မရှင်ခွင့်ပြု

ထိုင်းဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာ ကို တွေ့ရစဉ်)

ထိုင်းနိုင်ငံမှာ ၂၀၁၄ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် ပထမဆုံးကျင်းပမယ့် ရွေးကောက်ပွဲမှာ လက်ရှိ စစ်အစိုးရဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာ အပါအဝင် ဒီမိုကရေစီလိုလားတဲ့ မဟာမိတ်ပါတီ ပေါင်းစုံက ကိုယ်စားလှယ် ၆၈ ယောက်ကို ရွေးကောက်ပွဲကော်မရှင်က သောကြာနေ့က အသိအမှတ် ပြုလိုက်ပါတယ်။

အဲဒီကိုယ်စားလှယ်တွေထဲမှာ ပြည်ပြေးဖြစ်နေတဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှာနာဝပ်ရဲ့ Pheu Thai ပါတီက ကိုယ်စားလှယ် ၃ ဦး နဲ့ ဒီမိုကရက်ပါတီက ဝန်ကြီးချုပ်ဟောင်း အဘီဆစ်တို့လည်း ပါဝင်ပါတယ်။

ဘုရင့်အစ်မတော်ကို ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်း တင်သွင်းခဲ့တဲ့ Thai Raksa Chart ပါတီကတော့ နောက်ထပ်ကိုယ်စားလှယ် တင်သွင်းတာမရှိဘူးလို့ သိရပါတယ်။

ဒါ့အပြင် ဝန်ကြီးချုပ်ဟောင်း သက်ဆင်နဲ့ ပတ်သက်တဲ့ Voice TV ကို တရားရုံးက ထုတ်လွှင့်ခွင့် ပိတ်ပင်ထားရာကနေ ပြန်ဖွင့်ပေးခဲ့ပါတယ်။

 

—Ref: RFA