(၇၂)နှစ်မြောက်ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် အမျိုးသမီးထုတွေ့ဆုံပွဲအခမ်းအနားမင်္ဂလာတောင်ညွန့်တွင်ကျင်းပ

 

13 February 2019

ရန်ကုန်တိုင်းဒေသကြီးမင်္ဂလာ တောင်ညွန့်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှကြီး မှူးကျင်းပသော (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသော အားဖြင့် အမျိုးသမီးထုတွေ့ဆုံပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်ပြည်ခိုင်ဖြိုး ပါတီရုံးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ်က အဖွင့် အမှာစကားပြောကြားခဲ့သည်။

ယင်းနောက် ခရိုင်ပါတီကော် မတီဝင်ဒေါ်လဲ့လဲ့အေး(ခရိုင်အမျိုး သမီးရေးရာတာဝန်ခံ)ကအမျိုးသမီး အတွေ့အကြုံများကို ရှင်းလင်းပြော ကြားခဲ့သည်။

တစ်ဆက်တည်းမှာပင် အရှေ့ ပိုင်းခရိုင်အတွင်းရေးမှူး ဒေါ်ဇာ ခြည်လင်းက အမျိုးသမီးများနှင့် ပတ်သက်သည့် အခန်းကဏ္ဍများ ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်အမျိုးသမီး တာဝန်ခံ ဒေါ်အေးအေးမွန်က မြို့နယ်အတွင်း အမျိုးသမီးရေးရာ ဆောင်ရွက်ပြီးစီးခဲ့မှုများနှင့်ရှေ့ဆက် လက်ဆောင်ရွက်မည့်အကြောင်း အရာများကို ဆွေးနွေးပြောကြားခဲ့ ပြီး သဘာပတိက နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်း သိရ သည်။
အခမ်းအနားကျင်းပပြီးနောက် မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းလှိုင်၊ အတွင်းရေးမှူး ဦးတင်ရှိန်နှင့် မြို့နယ်ပါတီကော် မတီဝင်များက အခမ်းအနားသို့ တက်ရောက်လာသော ရပ်ကွက် အသီးသီးမှ ပါတီဝင်များအား ကြက်ဥနှင့် ကြက်သွန်နီများကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး ခဲ့ကြောင်း သိရသည်။

ကျော်စိုးမိုး(မင်္ဂတောင်ညွန့်)