အကြမ်းဖက်ဆန္ဒပြမှုကို ကန့်သတ်သည့် ဥပဒေ ပြင်သစ်လွှတ်တော် ပြဋ္ဌာန်း

အကြမ်းဖက်ဆန္ဒပြမှုတွေကို ကန့်သတ်တဲ့ ဥပဒေတရပ်ကို ပြင်သစ်လွှတ်တော်က ဖေဖော်ဝါရီ ၅ ရက်မှာ ပြဋ္ဌာန်းလိုက်ပါတယ်။

ဒါဟာ အင်္ကျီဝါလှုပ်ရှားမှုကနေ ပေါ်ပေါက်လာတဲ့ ၃ လကြာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို တုံ့ပြန် လုပ်ဆောင်တာ ဖြစ်ပါတယ်။

ဒီဥပဒေဟာ အရပ်သားလွတ်လပ်ခွင့်တွေကို ချုပ်ခြယ်တယ်ဆိုတဲ့ ဝေဖန်တာတွေ ရှိတဲ့ကြားက အောက်လွှတ်တော်ကနေ ထောက်ခံမဲ ၃၈၇ မဲ၊ ကန့်ကွက်မဲ ၉၂ မဲနဲ့ အတည်ပြုခဲ့တာပါ။

အောက်လွှတ်တော်မှာ သမ္မတ မာခွန်းရဲ့ LREM ပါတီက အမတ်နေရာအများစု ရထားပါတယ်။

အဲဒီဥပဒေကို အထက်လွှတ်တော်မှာ ဆက်လက်ဆွေးနွေးမှာ ဖြစ်ပေမယ့် အောက်လွှတ်တော်ကပဲ အဆုံးအဖြတ်ပေးမှာ ဖြစ်ပါတယ်။

ဆန္ဒပြသူတွေ မျက်နှာစည်းထားတာကို တားမြစ်တာ၊ ဆန္ဒပြလူအုပ်ထဲက အကြမ်းဖက်သူတွေကို ဆွဲထုတ်ဖို့ ရဲတပ်ဖွဲ့ကို အခွင့်အာဏာပေးတာနဲ့ တဦးချင်း ဆန္ဒပြသူတွေကို တားမြစ်ဖို့ ဒေသအာဏာပိုင်တွေကို အခွင့်အာဏာ ပေးတာတွေကို အဲဒီဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။

  by DVB