ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင်ပွဲနှင့် ရေနွေးကြမ်းစကားဝိုင်း မိတ္ထီလာမြို့နယ်တွင်ကျင်းပ
မိတ္ထီလာ ဖေဖော်ဝါရီ ၅
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ အောင်ဇေယျာရပ်ကွက်(၉) နယ်မြေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရပ်ကျေးပါတီ ဥက္ကဋ္ဌ ဦးကျော်ဦး၏နေအိမ်တွင် ယမန်နေ့ နံနက် ၉နာရီခွဲမှစတင်၍ ဆိုင်းဘုတ်တင်ခြင်းအခမ်းအနားကို ကျင်းပခဲ့သည်။
မိတ္ထီလာခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးထွန်းထွန်းဦး၊ မြို့နယ်ပါတီယာယီဥက္ကဋ္ဌ ဦးချစ်ထွေးတို့က အောင်သပြေအမွှေးနံ့သာများပက်ဖျန်းကာ ဆိုင်းဘုတ်စိုက်ထူခြင်း မင်္ဂလာပြုလုပ်ပေးကာ မိတ္ထီလာခရိုင်ပါတီဥက္ကဋ္ဌ၊ မြို့နယ်ပါတီဥက္ကဋ္ဌ၊ ရပ်ကျေးပါတီဥက္ကဋ္ဌများ၊ အောင်ဇေယျာရပ်ကွက်(၉)မှ ပါတီဝင် များ၊ ယခင်စည်း/မှူးဟောင်းများ စုစုပေါင်းအင်အား ၁၅ဝဖြင့် အမှတ်တရဓာတ်ပုံရိုက်ကူး၍ အောင်မြင်စွာပြီးဆုံးကြောင်း သိရ သည်။
ဆက်လက်၍ တက်ရောက်လာကြသော စည်း/မှူးဟောင်းများ၊ ရပ်ကျေးပါတီ ၁၅ဝနှင့် ရေနွေးကြမ်းစကားဝိုင်းကျင်းပရာ ခရိုင် ပါတီဥက္ကဋ္ဌ ဦးထွန်းထွန်းဦး၊ မြို့နယ်ပါတီဥက္ကဋ္ဌတို့က မိတ်ဆက် စကားပြောကြားခြင်း၊ တက်ရောက်လာကြသောပါတီဝင်များ၊ ရပ်မိ ရပ်ဖများက မိမိတို့ရပ်ကွက်အတွင်း ပါတီဝင်အင်အားအခြေအနေ ဆောင်ရွက်ထားရှိမှုများကို တင်ပြဆွေးနွေးရာ ခရိုင်ပါတီဥက္ကဋ္ဌက လိုအပ်သည်များကိုမှာကြားကာ ရေနွေးကြမ်းစကားဝိုင်းအောင်မြင်စွာ ပြီးစီးခဲ့ကြောင်း သိရသည်။
စိုးလှိုင်(ထီလာ)