ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး သာပေါင်းမြို့နယ် ကျေးရွာအုပ်စုများမှ ပါတီဝင်အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲ တက်ရောက်

 

သာပေါင်း ဖေဖော်ဝါရီ ၎

ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်ခရိုင် သာပေါင်းမြို့နယ် ဆင် လမ်းကျေးရွာအုပ်စု၌ ယမန်နေ့ နံနက် ၈ နာရီခွဲတွင်ကျင်းပသည့် ကျေးရွာ အုပ်စု ငါးအုပ်စုမှ ပါတီဝင်အဆိုပြု လွှာ စုပေါင်းပေးအပ်ပွဲသို့ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဗဟိုအတွင်းရေးမှူးဦးသန်းထွန်း နှင့် တိုင်း၊ ခရိုင်၊ မြို့နယ်ပါတီ ဥက္ကဋ္ဌ၊ ကော်မတီဝင်များ တက် ရောက်အားပေးခဲ့ကြသည်။

အခမ်းအနားတွင် ပုသိမ်ခရိုင် သာပေါင်းမြို့နယ် ဆင်လမ်းကျေး ရွာအုပ်စု သပြေကျွန်း ကျေးရွာအုပ်စု၊ အုတ် ရှစ်ကျေးရွာအုပ်စု၊ ငှက်ပျောတော ကျေးရွာအုပ်စုနှင့် ဘုရားနီကျေးရွာ အုပ်စု ကျေးရွာအုပ်စု ငါးစုတို့မှ ပါတီဝင်အဆိုပြုလွှာ စုစုပေါင်း ၁၂၇၃ စောင်ပေးအပ်ပွဲသို့ ပါတီ ဗဟိုအတွင်းရေးမှူးကတက်ရောက် အားပေးချီးမြှင့်ရာတွင် ယခုလို အဆိုပြုလွှာပေးအပ်ပွဲကို ဝင်ရောက် လာကြသည့် ပါတီဝင်သစ်များကို ကြိုဆိုဂုဏ်ပြုပါကြောင်း၊ မိမိတို့ ပါတီအနေဖြင့် ပြည်သူတို့၏ရှေ့မှ အမြဲ အသင့်ရှိနေပါကြောင်းနှင့် ပြည်သူ့သဘောထား အလေးထား၊ ပြည်သူတို့၏ အခွင့်အရေးကို အမြဲ ဦးစားပေးလျက်ရှိကြောင်း ပြော ကြားခဲ့သည်။

အခမ်းအနားသို့ ဗဟိုအတွင်း ရေးမှူး ဦးသန်းထွန်းနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်ပါတီဥက္ကဋ္ဌ၊ ကော် မတီဝင်များ၊ ရပ်/ကျေးပါတီဝင် များ စုစုပေါင်း အင်အား ၅ဝဝ ခန့် တက်ရောက်ခဲ့ကြောင်း သိရ သည်။