ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင် ဦးဝဏ္ဏမောင်လွင် ကျေးရွာလက်ဖက်ရည်ကြမ်းစကားဝိုင်းသို့ တက်ရောက်ဆွေးနွေး

 

ပုသိမ်ကြီး ဖေဖော်ဝါရီ ၎

မန္တလေးတိုင်းဒေသကြီး မန္တလေးခရိုင် ပုသိမ်ကြီးမြို့နယ် လက်ကောင်းကျေးရွာတွင် ပြည်ခိုင်ဖြိုးပါတီမှလက်ဖက်ရည်ကြမ်း စကားဝိုင်းကို ယမန်နေ့ နံနက် ၉နာရီ ၁၅မိနစ်မှ ၁ဝနာရီခွဲအထိကျင်းပခဲ့ရာ ပါတီဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီး တာဝန်ခံ ဦးဝဏ္ဏမောင်လွင်တက်ရောက်၍ ပါတီဝင်များနှင့် ဒေသခံပြည်သူ များအား ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေးခဲ့သည်။

အဆိုပါ စကားဝိုင်းတွင် ပါတီဗဟိုအလုပ်အမှုဆောင်များ ဖြစ်ကြသော မန္တလေးတိုင်းဒေသကြီး တာဝန်ခံဦးဝဏ္ဏမောင်လွင် နှင့် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌတို့က ယနေ့ဖြစ်ပေါ်နေသော နိုင်ငံ ရေးအခြေအနေများ၊ ပြည်သူ့အကျိုးစီးပွားအတွက် ပါတီမှ ဆောင် ရွက်သွားမည့်အကြောင်းအရာများ၊ ပါတီမူဝါဒ၊ ပါတီရှေ့ဆက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ စသည်တို့ကို တက်ရောက် လာသော ပါတီဝင်များနှင့်ဒေသခံပြည်သူများအား ရင်းနှီးနွေးထွေး စွာ ဆွေးနွေးခဲ့ပြီးနောက် စကားဝိုင်းသို့ တက်ရောက်လာသည့် ပါတီဝင်များနှင့် ဒေသခံပြည်သူများက နိုင်ငံတော်အတွင်းဖြစ် ပျက်နေသော အခြေအနေများနှင့်ပတ်သက်၍ မေးမြန်းဆွေးနွေး ပြောကြားခဲ့သည်။

ထို့နောက် ပါတီဗဟိုအလုပ်အမှုဆောင် ဦးဝဏ္ဏမောင်လွင်နှင့် အဖွဲ့သည် လက်ကောင်းကျေးရွာနှင့် ရွာရှည်ကျေးရွာတို့မှ သက် ကြီးဘိုးဘွားများအား သွားရောက်တွေ့ဆုံကန်တော့၍ ဆေးဝါးများ နှင့် ကန်တော့ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့သည်။

စကားဝိုင်းသို့ ပါတီဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်း ဒေသကြီးတာဝန်ခံဦးဝဏ္ဏမောင်လွင်နှင့်အတူ ပါတီဗဟိုအလုပ် အမှုဆောင် မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးဝင်းမောင်၊ တိုင်းဒေသကြီး ပါတီအတွင်းရေးမှူးဦးအောင်ကျော်မိုး၊ တိုင်းဒေသ ကြီး ပါတီကော်မတီဝင်များ၊ မန္တလေးခရိုင်ပါတီဥက္ကဋ္ဌ ဦးဘိုသင်း၊ ခရိုင်ပါတီအတွင်းရေးမှူး ဒေါ်ဝါဝါလှိုင်၊ ခရိုင်ပါတီကော်မတီ ဝင်များ၊ ပုသိမ်ကြီးမြို့နယ် ပါတီဥက္ကဋ္ဌ ဦးဆွေသန်း၊ မြို့နယ်ပါတီ အတွင်းရေးမှူးဦးကိုကိုလွင်၊ မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်/ ကျေးပါတီဥက္ကဋ္ဌများနှင့် ပါတီဝင်များ တက်ရောက်ခဲ့ကြသည်။

သုတ(မန္တလေး)