ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင် ပုသိမ်ကြီးမြို့နယ် လက်ကောင်းကျေးရွာ ပါတီဆိုင်းဘုတ်တင်မင်္ဂလာအခမ်းအနားသို့တက်ရောက်

 

ပုသိမ်ကြီး ဖေဖော်ဝါရီ ၎

မန္တလေးတိုင်း ဒေသကြီး မန္တလေးခရိုင် ပုသိမ်ကြီးမြို့နယ် လက်ကောင်းကျေးရွာပြည်ထောင် စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ်တင်မင်္ဂလာအခမ်းအနား ကို ယမန်နေ့နံနက် ၉ နာရီက ကျင်းပ ရာ ပြည်ခိုင်ဖြိုးပါတီဗဟို အလုပ် အမှုဆောင် မန္တလေးတိုင်းဒေသ ကြီး တာဝန်ခံဦးဝဏ္ဏမောင်လွင် တက်ရောက်အားပေးခဲ့သည်။

အခမ်းအနားအား မင်္ဂလာ အချိန်ကျရောက်သောအချိန်တွင် ပုသိမ်ကြီးမြို့နယ် ပါတီဥက္ကဋ္ဌ ဦးဆွေသန်း၊ လက်ကောင်းကျေးရွာ ပါတီဥက္ကဋ္ဌ ဦးမောင်ကြီးနှင့် ရပ်မိရပ်ဖဦးကျော်ညွန့်တို့က အောင် မြင်စွာ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ သည်။

အခမ်းအနားသို့ ပြည်ခိုင်ဖြိုး ပါတီဗဟိုအလုပ်အမှုဆောင်မန္တလေး တိုင်းဒေသကြီး တာဝန်ခံဦးဝဏ္ဏ မောင်လွင်နှင့်အတူ ပါတီဗဟိုအလုပ် အမှုဆောင် မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးဝင်းမောင်၊ တိုင်း ဒေသကြီး ပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ မန္တလေး ခရိုင် ပါတီဥက္ကဋ္ဌဦးဘိုသင်း၊ ခရိုင် ပါတီအတွင်းရေးမှူးဒေါ်ဝါဝါလှိုင်၊ ခရိုင်ပါတီကော်မတီဝင်များ၊ ပုသိမ် ကြီးမြို့နယ်ပါတီဥက္ကဋ္ဌ ဦးဆွေ သန်း၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးကိုကိုလွင်၊ မြို့နယ်ပါတီ ကော် မတီဝင်များ၊ ရပ်/ကျေးပါတီဥက္ကဋ္ဌ များနှင့်ပါတီဝင်များ တက်ရောက် ခဲ့ကြသည်။

သုတ(မန္တလေး)