မဲဇာချောင်းကူး ဘဝငြိမ်းချမ်းရေးတံတားတည်ဆောက်ရာတွင် ဒေသခံပြည်သူများနှင့်အတူ အင်းတော်ပြည်ခိုင်ဖြိုးလူငယ်များ လုပ်အားဒါနပြု

 

အင်းတော် ဖေဖော်ဝါရီ ၃

စစ်ကိုင်းတိုင်းဒေသကြီးကသာ ခရိုင် အင်းတော်-ဗန်းမောက် မြို့နယ်ခြား ဗန်းမောက်မြို့နယ် အတွင်းရှိ ရွှေပါရမီတောရကျောင်း ကျောက်မဲတောင်ဆရာတော်ဦးစီး သော မဲဇာချောင်းကူးဘဝငြိမ်းချမ်း ရေးတံတား ကိုယ်ထူကိုယ်ထတည် ဆောက်လျက်ရှိရာ ယမန်နေ့ နံနက် ၈ နာရီမှ စတင်၍ ညနေ ၄ နာရီ အထိ အင်းတော်မြို့နယ်အတွင်းရှိ မော်တိတ်ဒေသ စေတနာရှင်ပြည် သူများနှင့်အတူ အင်းတော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှလူငယ်များစုပေါင်း လုပ်အားပေးဆောင်ရွက်ခဲ့ကြသည်။

ကျောက်မဲတောင် တောရ ကျောင်းသည် အင်းတော်မြို့နယ် နှင့်ဗန်းမောက်မြို့ နယ်ခြားမြို့နယ် ချင်းဆက်လမ်းမကြီးဘေး မဲဇာ ချောင်းတစ်ဖက်ကမ်းတွင် တည်ရှိ ပြီး ဘုရားဖူးများ ရာသီမရွေးသွား လာနိုင်စေရေးအတွက် ကျောက်မဲ တောင်ဆရာတော် ဦးပညာဝံသက ဦးစီး၍ စေတနာရှင်၊ အလှူရှင် များ မတည်ငွေဖြင့် ကိုယ့်အား ကိုယ်ကိုး ဆောက်လုပ်ခဲ့သည်မှာ သုံးနှစ်ခန့် ရှိခဲ့ပြီဖြစ်ပြီး တံတား ပြီးစီးနိုင်ရေးအတွက် အလှူရှင် များ၊ လုပ်အားဒါနများ ဆက်လက် လိုအပ်နေသေးကြောင်း သိရသည်။