ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ပုသိမ်မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာပါတီဥက္ကဋ္ဌများနှင့်တွေ့ဆုံ

 

ပုသိမ် ဖေဖော်ဝါရီ ၃

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းနှင့် ပါတီဗဟိုအလုပ် အမှုဆောင် ဧရာဝတီတိုင်းဒေသ ကြီး ပါတီဥက္ကဋ္ဌ ဦးဥာဏ်လင်းတို့ သည် ပုသိမ်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီရုံး အစည်းအဝေးခန်းမတွင် ရပ်ကွက်/ကျေးရွာပါတီဥက္ကဋ္ဌများ နှင့် ယမန်နေ့ နံနက် ၁ဝ နာရီက တွေ့ဆုံပွဲကျင်းပခဲ့သည်။

အခမ်းအနားကို နိုင်ငံတော် အလံအလေးပြုခြင်း၊ နိုင်ငံတော် သီချင်း သီဆိုခြင်းဖြင့် အခမ်း အနားကို စတင်ဖွင့်လှစ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း၊ ပါတီဗဟိုအလုပ်အမှုဆောင် ဧရာ ဝတီတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးဥာဏ်လင်း၊ တိုင်းဒေသကြီး ပါတီကော်မတီဝင် ဒေါက်တာ ထိန်ဝင်း၊ ဒေါ်ခင်စောမူ၊ ဒေါ်နွယ် နွယ်ဦး၊ ပုသိမ်ခရိုင်ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင် များ၊ ပုသိမ်မြို့နယ်ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင် များ၊ ရပ်ကွက်/ကျေးရွာများမှ ဥက္ကဋ္ဌများ စုစုပေါင်းအင်အား ၁ဝ၂ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။တွေ့ဆုံပွဲတွင် သက်ဆိုင်ရာ မြို့နယ်များအလိုက်ပါတီဥက္ကဋ္ဌများ က ကော်မတီဝင်များအလိုက် နယ် မြေထားရှိမှုအခြေအနေများ၊နယ်မြေ အလိုက် တာဝန်ခွဲဝေထားရှိမှုအခြေ အနေများ၊ ကဏ္ဍအလိုက် နယ်မြေ ခွဲဝေထားရှိမှု အခြေအနေများကို မြို့နယ်ပါတီဥက္ကဋ္ဌများကအသီးသီး တင်ပြခဲ့ကြပြီး ဆက်လက်၍ နယ် မြေတာဝန်ခံကော်မတီဝင်များကမိမိ တို့နယ်မြေအလိုက် ကွင်းဆင်းမှု အခြေအနေများ၊ နယ်မြေဒေသ အခြေအနေများ၊ ရည်မှန်းချက် ပန်းတိုင်ကို ပေါက်မြောက်အောင် ဆောင်ရွက်နိုင်မည့် ပကတိအခြေ အနေ၊ အခက်အခဲများကို နယ်မြေ တာဝန်ခံကော်မတီဝင်တစ်ဦးချင်းစီ က ပွင့်ပွင့်လင်းလင်း ရှင်းပြခြင်း၊ ရပ်ကွက်/ကျေးရွာပါတီဥက္ကဋ္ဌများ ကလည်း ရှင်းလင်းခဲ့ကြသည်။

အခမ်းအနားတွင် ပါတီဗဟို အတွင်းရေးမှူး ဦးသန်းထွန်း၊ပါတီ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသ ကြီးပါတီဥက္ကဋ္ဌ ဦးဥာဏ်လင်း၊ တိုင်းဒေသကြီးပါတီကော်မတီဝင် ဒေါ်နွယ်နွယ်ဦး၊ ပုသိမ်ခရိုင်ပါတီ ဥက္ကဋ္ဌ ဦးကျော်ကျော်တို့က အမှာ စကားပြောကြားခဲ့သည်။

ထို့နောက် ပါတီဗဟိုအတွင်း ရေးမှူးဦးသန်းထွန်းက ပုသိမ်သည် ကိုယ့်ဒေသ၊ကိုယ်လုပ်ခဲ့သည့်နေရာ၊ တိုင်းမြို့ကြီးလည်းဖြစ်၍ အဘက် ဘက်မှ စံနမူနာ ပြသနိုင်သောမြို့ ထိပ်တန်းက ဖြစ်စေချင်သည့် ဆန္ဒ ရှိကြောင်း၊ ဘက်စုံမှ ကူညီပေးချင် သည့် ဆန္ဒရှိကြောင်း တက်ရောက် လာကြသော ရပ်ကွက်/ကျေးရွာ ပါတီဥက္ကဋ္ဌများနှင့် အပြန်အလှန် ဆွေးနွေးပြောကြားခဲ့ကြပြီး တွေ့ဆုံ ပွဲအခမ်းအနားကို ညနေ ၅ နာရီ တွင် ရုပ်သိမ်းခဲ့သည်။