ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပဋ္ဌာန်းတရား ရွတ်ဖတ်ပြိုင်ပွဲကျင်းပရေးအတွက် သြဝါဒခံယူ

 

ပျာ်ဘွယ် ဖေဖော်ဝါရီ ၃

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှု ဆောင်နှင့် ပျော်ဘွယ်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေး သည် ရမည်းသင်းခရိုင်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးထွန်းထွန်းဝင်း၊ ပျော်ဘွယ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးအောင် နိုင်ညွန့်တို့လိုက်ပါပြီး ပဋ္ဌာန်းတရား ရွတ် ဖတ်ပြိုင်ပွဲ ကျင်းပရေးအတွက် မြို့နယ် သံဃနာယကအဖွဲ့ထံမှ သြဝါဒခံယူပွဲကို ယမန်နေ့ နံနက်၉နာရီတွင် ပျော်ဘွယ်မြို့ မြင်း ဘက်ရပ်ကွက်၊ ပန်းစုံကျောင်းတိုက်၌ တက်ရောက် သြဝါဒခံယူသည်။

ယင်းသြဝါဒခံယူပွဲသို့ ပျော်ဘွယ် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ပန်းစုံ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တအာသဖ၊ အတွင်းရေးမှူး မင်းလမ်းတောင်ကျောင်း ဆရာတော်ဘဒ္ဒန္တတိဿကုမာရတို့ ကြွ ရောက်တော်မူပြီး မြို့မိမြို့ဖများ၊ ဘာသာ ရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ပါတီဗဟိုအလုပ် အမှုဆောင်နှင့် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်မှ ပဋ္ဌာန်းတရားရွတ်ဖတ်ပြိုင်ပွဲ ကျင်းပနိုင်ရေးအတွက် အသေးစိတ် လျှောက်ထားရာ ဆရာတော်ကြီးများက ပြိုင်ပွဲကိုစတင်ကျင်းပခြင်းဖြစ်သည့်အတွက် အခြေခံပညာအထက်တန်းကျောင်းများ၊ ပဋ္ဌာန်းအဖွဲ့များနှင့်ပြုလုပ်ရန်၊ ပြိုင်ပွဲကို စာမေးပွဲပြီးဆုံးချိန်ဖြစ်သော မတ်လတွင် ကျင်းပရန်၊ အမှတ်ပေးစနစ်ကို တိကျစွာ ဆောင်ရွက်ရန် သြဝါဒချီးမြှင့်ခဲ့ကြသည်။ ထို့နောက် ပါတီဗဟိုအလုပ်အမှုဆောင်က ဆရာတော်ကြီးများကို လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဦးမျိုး(ပျော်ဘွယ်)