ချမ်းအေးသာစံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ တတိယအကြိမ် ဆန်ရောင်းချမှုအဖြစ်မောရဂီဝါရပ်ကွက်ပြည်သူများအား ပြည်ခိုင်ဖြိုးပါတီမှ ဈေးနှုန်းချိုသာစွာရောင်းချပေး
မန္တလေး ဖေဖော်ဝါရီ ၃
မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် မောရဂီဝါရပ်ကွက် (၇၅)လမ်း ၃၄x၃၅ ကြားရပ်ကွက်ရှိ ရပ်ကွက်ပြည်သူများအား ယမန်နေ့နံနက် ၉နာရီခွဲမှ မွန်းတည့် ၁၂နာရီ အထိ မြို့နယ်ပြည်ခိုင်ဖြိုးပါတီ၏ တတိယ အကြိမ်ဆန်ရောင်းချမှုအဖြစ် ဈေးနှုန်းချို သာစွာ ရောင်းချပေးခဲ့သည်။
”ကျွန်တော်တို့မြို့နယ်ပါတီအနေနဲ့ ပြည်သူ့အတွက် ခုလိုဆန်ရောင်းတာ တတိ ယအကြိမ်ပါ။ ပြည်သူလူထုတစ်ဖက်တစ် လမ်းကနေသက်သာချောင်ချိရေးအတွက် ဆန်တွေကို မြို့နယ်အတွင်းက ရပ်ကွက် တွေမှာသွားရောင်းပေးဖို့ ဆက်လက်ဆောင် ရွက်သွားဖို့ရှိပါတယ်”ဟု ချမ်းအေးသာစံ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကျော်ကျော်ဌေးက ပြောကြားခဲ့သည်။
ချမ်းအေးသာစံမြို့နယ် ပြည်ခိုင်ဖြိုး ပါတီမှ ရွှေသွယ်ရင် အမျိုးအစားဆန် ၂၉ ပိုင်းအား တစ်ပြည် ကျပ် ၁၄ဝဝ နှုန်းဖြင့် လွတ်လပ်စွာ ရောင်းချပေးခဲ့ကြောင်းနှင့် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ အနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှရပ်ကွက်နှင့် ကျေးရွာ များမှ ပြည်သူများ၏စားဝတ်နေရေးသက် သာချောင်ချိစေရန်ရည်ရွယ်၍ ဆန်များအား သက်ဆိုင်ရာမြို့နယ်အလိုက် ရပ်ကွက်နှင့် ကျေးရွာများသို့သွားရောက်၍ ရောင်းချပေး လျက်ရှိကြောင်း သိရသည်။
သုတ(မန္တလေး)