ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တာဝန်ရှိသူများ သန်လျင်မြို့နယ်ပြည်ခိုင်ဖြိုး ပါတီဝင်များနှင့်တွေ့ဆုံ

 

ရန်ကုန် ဇန်နဝါရီ ၂၉

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ်၊ ပါတီဗဟိုအလုပ်အမှုဆောင် ဦးခင်ရီ၊ ပါတီ ဗဟိုအလုပ်အမှု ဆောင် ဦးခင်မောင်စိုး၊ ပါတီဗဟိုကော်မတီဝင် ဦးအုန်းမြင့်နှင့် သန်လျင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များ၊ ရပ်/ကျေးပါတီဥက္ကဋ္ဌများ၊ ကော်မတီဝင်များနှင့် တွေ့ဆုံပွဲကို ယမန်နေ့နံနက် ၁ဝ နာရီက သံလျင်မြို့နယ်ပါတီကော်မတီရုံးတွင် ကျင်းပသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပါတီဗဟို အတွင်းရေးမှူး၊ ပါတီဗဟိုအလုပ် အမှုဆောင်များ၊ ဗဟိုကော်မတီဝင် နှင့်အတူ ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဒေါက်တာကျော်စိုး၊ ဘဏ္ဍာရေးမှူး ဒေါ်အေးမင်းမိုးနှင့် တိုင်းကော်မတီ ဝင်များ၊ တောင်ပိုင်းခရိုင် ပါတီ ဥက္ကဋ္ဌနှင့် ခရိုင်ကော်မတီဝင်များ၊ သန်လျင်မြို့နယ် ပါတီဥက္ကဋ္ဌ ဦးကျော်မင်းနှင့် မြို့နယ်ပါတီကော် မတီဝင်များ၊ ရပ်/ကျေးပါတီဥက္ကဋ္ဌ နှင့်အတွင်းရေးမှူးများတက်ရောက် ကြသည်။

အစီအစဉ်အရ မြို့နယ်ပါတီ ဥက္ကဋ္ဌနှင့် ပါတီကော်မတီဝင်များ၊ ရပ်ကျေးပါတီဥက္ကဋ္ဌနှင့်အတွင်းရေး မှူးများက တစ်ဦးချင်း မိတ်ဆက် ကြသည်။

ဆက်လက်၍ပါတီဗဟိုအလုပ် အမှုဆောင် ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးကအမှာ စကားပြောကြားရာတွင် ပြည်ခိုင် ဖြိုးပါတီ၏ ဖွဲ့စည်းပုံရည်မှန်း ချက်နှင့် မြို့နယ်ပါတီများမှ လုပ် ဆောင်ရမည့် လုပ်ငန်းစဉ်များကို ပြောကြားရာတွင် ပြည်ခိုင်ဖြိုးပါတီ စတင်ပေါ်ပေါက်လာရခြင်းမှာပြည် သူများ၏ဘဝဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးရန် ပေါ်ပေါက်ခဲ့ ခြင်းဖြစ်ပြီး ပါတီသည် ဖွဲ့စည်းပုံ တောင့်တင်းသလို အရည်အချင်း အရည်အသွေးမြင့်မားသည့် ပါတီ ဝင်များဖြင့် ဖွဲ့စည်းထားသည့် ပါတီဖြစ်သဖြင့် ပါတီကိုထိန်းသိမ်း စောင့်ရှောက်ရန် ပါတီဝင်တိုင်း သည် ပါတီစိတ်ဓာတ် မြင့်မားဖို့လို ကြောင်း ပြောကြားပြီး ပါတီ၏ ရည်မှန်းချက်များကို ပြောကြား သည်။

ဆက်လက်၍ပါတီဗဟိုအတွင်း ရေးမှူး ဒေါက်တာစန်းစန်းနွယ် က ပါတီစည်းရုံးရေးလုပ်ငန်းများ၊ ပါတီဝင်အင်အားစိစစ်ရေးလုပ်ငန်း များ၊ ပါတီစည်းရုံးရေးဆောင်ရွက် ရာတွင် မိမိကစီမံ မိမိကလူငယ် မိမိကအမျိုးသမီးရေးရာဟု ခွဲခြား မနေဘဲ ပါတီစည်းရုံးရေးလုပ်ငန်း ကို စည်းစည်းလုံးလုံး ညီညီ ညွတ်ညွတ် လက်တွဲဆောင်ရွက် သွားကြဖို့ လိုအပ်ကြောင်း ပြော ကြားသည်။

ထို့နောက် ပါတီဗဟိုကော်မတီ ဝင် ဦးအုန်းမြင့်က ပါတီစည်းရုံး ရေးဆိုင်ရာ ရွေးကောက်ပွဲအတွေ့ အကြုံများကို ရှင်းလင်းပြောကြား သည်။

ဆက်လက်၍ပါတီဗဟိုအလုပ် အမှုဆောင် ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံ ဦးခင်ရီက လုပ်ငန်းလမ်း ညွှန်အမှာစကား ပြောကြားရာတွင် ယနေ့ လာရောက်သည့် ခရီးစဉ်မှာ ပါတီ၏ ရှေ့တန်းတိုက်စစ်မှူးများ ကို လာရောက် တွေ့ဆုံခြင်းဖြစ် ကြောင်း၊ အသိတူမှ အလုပ်တူမည် ဖြစ်ကြောင်း၊ အလုပ်တူမှ ပါတီ အောင်နိုင်မည်ဖြစ်ကြောင်း ယနေ့ ပြောကြားမည့် လုပ်ငန်းစဉ်များ သည် ကနဦး ဆောင်ရွက်ရမည့် လုပ်ငန်းများသာဖြစ်ကြောင်း ပြော ကြားပြီး မြို့နယ်နှင့် ရပ်/ကျေး ပါတီဝင်များ ကနဦးဆောင်ရွက်ရ မည့် လုပ်ငန်းစဉ်များကို ပြောကြား သည်။
ထို့နောက်ပါတီဝင်များကိုယ်စား မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကျော်မင်း က မြို့နယ်၏ လက်ရှိအခြေအနေ များကို သုံးသပ်တင်ပြပြီး တွေ့ဆုံပွဲ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ထိန်ဝင်း (YGN