ထီးချိုင့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကွမ်းတုံကျေးရွာတွင် ရေနွေးကြမ်းဝိုင်းဖွဲ့ဆွေးနွေး

 

ထီးချိုင့် ဇန်နဝါရီ ၂၉

ထီးချိုင့်မြို့နယ် ကွမ်းတုံကျေးရွာမှ ထီးချိုင့်မြို့နယ်တာဝန်ခံ ဦးစိုးစိုး၊ မြို့နယ်အမှုဆောင်များဖြစ်ကြသော ဦးမျိုးမင်းကျော်၊ ဦးဝင်းနိုင်၊ ဦးဇော်မျိုး တို့ ဦးဆောင်ပြီး ဦးဇော်မျိုးနေအိမ်တွင် ယမန်နေ့ မွန်းတည့် ၁၂ နာရီက ရေနွေးကြမ်းဝိုင်းဖွဲ့ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ စကားဝိုင်းတွင် ဦးစိုးစိုးက ကျေးရွာတွင် ပါတီအောင်နိုင်ရေး၊ လက်ရှိ ဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများကို ဆွေးနွေးပြီး ရွာသား တစ်ဦးက ကွမ်းတုံကျေးရွာတွင် စိမ့်စမ်းရေသွယ်တန်းရေးကိစ္စ တင်ပြပြီး လုပ်ငန်းတွင် လိုအပ်ချက်ရှိသည့် လေးလက်မပိုက်များ အကူအညီပေးရေး တင်ပြခဲ့သည်။ ဦးစိုးစိုးက ပါတီအဖွဲ့သို့ တင်ပြပေးမည်ဖြစ်ကြောင်း ပြောကြားပြီး မွန်းလွဲ ၃ နာရီတွင် ဆွေးနွေးပွဲပြီးဆုံးခဲ့ကြောင်း သိရသည်။

မျိုးမင်းကျော်(ထီးချိုင့်)