စာအောင်သံဃာတော်များ သီလရှင်များအားဂုဏ်ပြုပူဇော်ပွဲနှင့် သံဃာတော် ၂၆၉၇ပါးအား ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ပဲခူးတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီပါဝင်လှူဒါန်း
ပဲခူး ဇန်နဝါရီ ၂၈
ပဲခူးမြို့ ဆုတောင်းပြည့်ရွှေ မော်ဓောစေတီတော်မြတ်ကြီး ရင်ပြင် တော်တွင် ယမန်နေ့ နံနက် ၉ နာရီ က ရွှေမော်ဓောစေတီတော်မြတ် ကြီး ဗုဒ္ဓါဘိသေကအနေကဇာတင် မင်္ဂလာ၊ဂိုဏ်းပေါင်းစုံသံဃနာယက ဆရာတော်ကြီးများ၊ စာအောင် သံဃာတော်များ၊ သီလရှင်များအား ဂုဏ်ပြုပူဇော်ပွဲနှင့်သံဃာတော်၂၆၉၇ ပါးအား ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် ပဲခူး တိုင်းဒေသကြီးပြည်ခိုင်ဖြိုး ပါတီ ကော်မတီဝင်များ၊ ပဲခူးခရိုင်ပြည် ခိုင်ဖြိုးပါတီကော်မတီဝင်များနှင့် ပဲခူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီကော် မတီဝင်များစုပေါင်း၍ ခေါက်ဆွဲ ခြောက်ထုပ်များ၊ သွားတိုက်ဆေး နှင့်သွားပွတ်တံများ ပါဝင်လောင်း လှူကြပြီး ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့နှင့် တိုင်း၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာများ၊ စေတနာရှင်အလှူ ရှင်များ စုပေါင်းလှူဒါန်းမှုမှာ ငွေ ကျပ်သိန်း ၃ဝဝဝ တန်ဖိုးရှိကြောင်း သိရသည်။
၂ဝ၁၇-၂ဝ၁၈ ခုနှစ်တွင် ကျင်းပခဲ့သည့် တိပိဋက၊ ဓမ္မာ စရိယ၊ နိကာယ်၊ ပထမကြီး၊ ပထမ လတ်၊ ပထမငယ်၊ အခြေပြု အဘိ ဓမ္မာနှင့် အခြားစာမေးပွဲအသီးသီး တွင် ပဲခူးတိုင်းဒေသကြီးအတွင်းမှ ဖြေဆိုအောင်မြင်တော်မူကြသည့် သံဃာတော်များနှင့်သီလရှင်များ စုစုပေါင်း ၂၆၉၇ပါး ဖြေဆိုအောင် မြင်ကြောင်း သိရသည်။
တင်စိုး(ပဲခူး)