လှိုင်သာယာမြို့နယ်နှင့် အင်းစိန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးများသို့ ဗဟိုကော်မတီဝင်တက်ရောက်

 

ရန်ကုန် ဇန်နဝါရီ ၂၇

ရန်ကုန်တိုင်းဒေသကြီးမြောက် ပိုင်းခရိုင် လှိုင်သာယာ မြို့နယ်နှင့် အင်းစိန်မြို့နယ်တို့တွင် ကျင်းပခဲ့ သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ မြို့နယ်ပါတီ ကော်မတီနှင့်ရပ်ကွက်ကျေးရွာပါတီ ကော်မတီများလုပ်ငန်းညှိနှိုင်းအစည်း အဝေးများကို သက်ဆိုင်ရာ မြို့နယ် အသီးသီးရှိ ပြည်ခိုင်ဖြိုးပါတီ အစည်း အဝေးခန်းမ၌ ယမန်နေ့နံနက်ပိုင်း နှင့် မွန်းလွဲပိုင်းများတွင် ကျင်းပခဲ့ ကြောင်း သိရသည်။

အစည်းအဝေးများသို့ ပြည်ခိုင် ဖြိုးပါတီဗဟိုကော်မတီဝင် ရန်ကုန် မြောက်ပိုင်းခရိုင်တာဝန်ခံ ဦးတင် မောင်ဝင်း၊ ရန်ကုန်မြောက်ပိုင်း ခရိုင်ပြည်ခိုင်ဖြိုးပါတီ ခရိုင်အတွင်း ရေးမှူး ဦးမျိုးဇော်၊ ခရိုင်ပါတီ ဘဏ္ဍာရေးမှူး လှိုင်သာယာမြို့နယ် တာဝန်ခံဦးကြည်စိုး၊ မြို့နယ်ပြည် ခိုင်ဖြိုး ပါတီဥက္ကဋ္ဌများ၊ မြို့နယ် ပါတီကော်မတီဝင်များ၊ ရပ်ကွက် ကျေးရွာပါတီဥက္ကဋ္ဌများနှင့် ပါတီ ကော်မတီဝင်များတက်ရောက်ခဲ့ပြီး ပါတီ၏လုပ်ငန်းစဉ်များ ပြန်လည် သုံးသပ်ခြင်း၊ ရှေ့လုပ်ငန်းစဉ်များ ပြင်ဆင်စီမံဆောင်ရွက်ခြင်းများကို ဆွေးနွေးတင်ပြ ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

TZH