ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီနာယက နှစ်ကျိပ်ရှစ်ဆူမဏ္ဍပ်အတွက် ငွေကျပ် ၂၅ သိန်းလှူဒါန်း

 

ရန်ကုန် ဇန်နဝါရီ ၂၇

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့ သစ်(တောင်ပိုင်း)မြို့နယ် အမှတ် (၅၄)ရပ်ကွက်ရှိ သဇင်လမ်းအပိုင်း (၉)မိသားစုမှဦးစီးသောဗုဒ္ဓပူဇနိယ ပွဲ၊ (၂၇)ကြိမ်မြောက် နှစ်ကျိပ်ရှစ် ဆူ ယာယီစံကျောင်းတော်အတွက် ရန်ကုန်တိုင်းဒေသကြီးပြည်ထောင် စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ နာယက ဒေါက်တာခင်မောင်ထွန်း (ထက်လင်းနှင့် ရွှေခေါင်းပေါင်း) တိုင်းရင်းဆေး ထုတ်လုပ်ရေး မိသားစုမှ ယမန်နေ့ နံနက်ပိုင်းတွင် နှစ်ကျိပ်ရှစ်ဆူမဏ္ဍပ်အတွက် ငွေ ကျပ် ၂၅ သိန်း လှူဒါန်းခဲ့သည်။

အဆိုပါ လှူဒါန်းရာတွင် ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေး အပ်ခဲ့ရာ (၅၄)ရပ်ကွက် ပြည်ခိုင် ဖြိုးပါတီ ဥက္ကဋ္ဌဒေါ်ကြည်ကြည် ဌေးနှင့် ပါတီကော်မတီဝင်များက အလှူရှင်များကိုယ်စားဂုဏ်ပြုမှတ် တမ်းလွှာ ပြန်လည်လက်ခံခဲ့သည်။

ဆက်လက်၍ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် ပြည်ခိုင်ဖြိုး ပါတီမှ ပါတီဝင်များနှင့် တွေ့ဆုံ၍ ပါတီဝင်စိစစ်ခြင်းများ လှုပ်ရှား ဆောင်ရွက်ခဲ့ရာ ယနေ့နံနက်ပိုင်း က ခရိုင်ဘဏ္ဍာရေးမှူး ဦးဝဏ္ဏမျိုး၊ မြို့နယ်ပါတီဥက္ကဋ္ဌဒေါ်စမ်းစမ်းဌေး နှင့် မြို့နယ်ပါတီ ကော်မတီဝင် တို့မှဦးဆောင်၍ ရှမ်းတဲကြီးရပ် ကွက်မှ ပါတီဝင်များနှင့် တွေ့ဆုံ ဆွေးနွေးကာ လိုအပ်သည်များ မှာ ကြားခဲ့ကြောင်းသိရသည်။

ဇော်ရဲထွဋ်(ဒဂုံတောင်)