ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဆိုင်းဘုတ်တင် အရိပ်ရသစ်ပင်စုပေါင်းစိုက်ပျိုးပွဲကျင်းပ

 

မိတ္ထီလာ ဇန်နဝါရီ ၂၄

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် သာစည်မြို့နယ် ဟင်းခွတ်အိုင်အုပ်စု ဟင်း ခွတ်အိုင်ကျေးရွာတွင် ယမန်နေ့နံနက် ၉ နာရီခွဲ မှစတင်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီ ကျေးရွာအုပ်စုပါတီဆိုင်းဘုတ်တင် ခြင်းအခမ်းအနားနှင့် စုပေါင်းသစ်ပင်စိုက် ခြင်းများ ဆောင်ရွက်ခဲ့သည်။

မင်္ဂလာအချိန် နံနက်၉ နာရီခွဲတွင် ဟင်း ခွတ်အိုင်အုပ်စုပါတီဆိုင်းဘုတ်တင်ခြင်းအခမ်း အနားစတင်ကျင်းပ၍ မိတ္ထီလာခရိုင်ပါတီ ဥက္ကဋ္ဌဦးထွန်းထွန်းဦး၊ သာစည်မြို့နယ်ပြည် ခိုင်ဖြိုးပါတီ တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ်ဦးစံထွန်းတို့က အောင်သပြေနှင့် အမွှေးနံ့သာပက်ဖျန်းပေးကာ ဆိုင်းဘုတ်တင် ခြင်း မင်္ဂလာကျင်းပ၍ အခမ်းအနားဒုတိယ ပိုင်းကိုဆက်လက်ကျင်းပရာတွင် ပြည်ခိုင်ဖြိုး ပါတီသာစည်မြို့နယ် တိုင်းဒေသကြီး လွှတ် တော်ကိုယ်စားလှယ်ဦးစံထွန်းက အဖွင့်အမှာ စကားပြောကြားခဲ့သည်။ မိတ္ထီလာခရိုင် ပါတီဥက္ကဋ္ဌ ဦးထွန်းထွန်းဦးက ကျေးဇူးတင် စကားပြောကြားကာ ပါတီဆိုင်းဘုတ်တင် ခြင်းအခမ်းအနားကို အောင်မြင်စွာပြီးဆုံး ကြောင်း သိရသည်။
ဆက်လက်၍ အရိပ်ရသစ်ပင် ၁၅ဝ ကို သာစည်မြို့မှ ဟင်းခွတ်အိုင်ကျေးရွာ သွားရာလမ်းနှင့်ပျော်ဘွယ်မြို့မှ ဧကရာဇ် အုပ်စုကျေးရွာသွားရာ လမ်းဘေးဝဲယာ တစ် လျှောက် စိုက်ပျိုးကြသည်။

အဆိုပါပါတီဆိုင်းဘုတ်တင်အခမ်းအနား နှင့်သစ်ပင်စိုက်ပွဲသို့ မိတ္ထီလာခရိုင်ဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ သာစည်မြို့နယ်၊ မိတ္ထီလာ မြို့နယ်၊ ဝမ်းတွင်းမြို့နယ်၊ ပျော်ဘွယ်မြို့နယ် များမှ ပါတီဥက္ကဋ္ဌများနှင့် ကော်မတီဝင်များ၊ ဟင်းခွတ်အိုင်အုပ်စုမှ ပါတီဝင်များ စုစု ပေါင်း ၃၅ဝ တက်ရောက်ကြောင်း သိရ သည်။

စိုးလှိုင်(ထီလာ)