ဝင်ငွေအများဆုံးအသင်းအဖြစ် ရီးရဲလ် နံပါတ် ၁ နေရာ ရပ်တည်

စာရင်းအင်းနဲ့ အချက်အလက် ကုမ္ပဏီတခုဖြစ်တဲ့ Deloitte က ထုတ်ပြန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်အတွက် ဝင်ငွေအများဆုံးအသင်း စာရင်းမှာ ရီးရဲလ်မက်ဒရစ်အသင်းက မန်ချက်စတာယူနိုက်တက်ကို ကျော်ဖြတ်ပြီး နံပါတ်တစ်နေရာမှာ ရပ်တည်ခဲ့ပါတယ်။

မန်ယူအသင်းဟာ ပြီးခဲ့တဲ့ ၂ နှစ်ဆက်တိုက် အဆင့်တစ်နေရာမှာ ရပ်တည်နိုင်ခဲ့ပေမယ့် ချန်ပီယံလိဂ်ဖလား ရယူနိုင်ခဲ့မှုနဲ့အတူ စပွန်ဆာ စာချုပ်တွေကြောင့် ရီးရဲလ်မက်ဒရစ်အသင်းက စုစုပေါင်းဝင်ငွေ ပေါင် ၆၆၅ သန်းနဲ့ အဆင့်တစ်နေရာမှာ ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းက ဝင်ငွေ ပေါင် ၆၁၂ သန်းနဲ့ ဒုတိယချိတ်ခဲ့ပြီး မန်ယူအသင်းက ပေါင်သန်း ၅၉၀ နဲ့ တတိယနေရာအထိ ဆင်းပေးခဲ့ရတာ ဖြစ်ပါတယ်။

ရီးရဲလ်အသင်းကတော့ ၂၂ နှစ်အတွင်းမှာ ၁၂ ကြိမ်မြောက် ဝင်ငွေအကောင်းဆုံး အသင်းအဖြစ် သတ်မှတ်ခံရတာလည်း ဖြစ်ပါတယ်။

တခြားအသင်းတွေထဲမှာတော့ ဘိုင်ယန်မြူးနစ်က ဝင်ငွေ ပေါင် ၅၅၇ သန်းနဲ့ အဆင့် ၄၊ မန်စီးတီးက ပေါင် ၅၀၄ သန်းနဲ့ အဆင့် ၅၊ ပီအက်စ်ဂျီက ပေါင်သန်း ၄၈၀ နဲ့ အဆင့် ၆ နေရာမှာ ရပ်တည်ခဲ့ပါတယ်။

အဲဒီနောက်မှာ ပရီးမီးယားလိဂ်အသင်းတွေဖြစ်တဲ့ လီဗာပူး၊ ချဲလ်ဆီး၊ အာဆင်နယ်၊ စပါးနဲ့ ဂျူဗင်တပ်အသင်းတို့ အစဉ်လိုက် ရပ်တည်ခဲ့ကြပါတယ်။

ဝင်ငွေအကောင်းဆုံး ထိပ်တန်း အသင်း ၂၀ စာရင်းမှာတော့ ပရီးမီးယားလိဂ်က အဲဗာတန်၊ နယူးကာဆယ်နဲ့ ဝက်စ်ဟမ်းအသင်းတွေလည်း ပါဝင်ခဲ့ပါတယ်။

-Ref: Skysports