ဂရိလူငယ်တီဆစ်စီပက်စ်ကို သုံးပွဲပြတ်အနိုင်ယူပြီး နာဒယ် သြစတြေးလျအိုးပင်း ဗိုလ်လုပွဲသို့တက်ရောက်

ကမ္ဘာ့အဆင့်(၃)ဖက် ဒဲလ်ရာကို အနိုင်ယူပြီးကွာတားတွင် စပိန်တင်းနစ်သမားဘော် တစ်စတာအဂူကို ကျော်ဖြတ်လာသည့် ဂရိလူငယ်ကြယ်ပွင့်တီ ဆစ်စီပက်စ်ကို ကမ္ဘာ့အဆင့်(၂) တင်းနစ်သမားရာဖေးလ်နာဒယ် က ၆-၂၊ ၆-၄၊ ၆-၀ ဖြင့်နိုင်ကာ ဩစတြေးလျအိုးပင်းဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည်။

နာဒယ်သည် ယနေ့ညနေ ၃  နာရီတွင်ရင်ဆိုင်မည့် ဂျိုကိုဗစ်နှင့် ပေါ်အီလီတို့ပွဲ၌အနိုင်ရသူနှင့် ဇန်န၀ါရီ ၂၇ ရက်တွင် ဗိုလ်လုမည် ဖြစ်သည်။

ယင်းပွဲမတိုင်မီ နာဒယ်သည် ဗိုလ်လုပွဲတွင် ဂျိုကိုဗစ်နှင့်ရင်ဆိုင် တွေ့နိုင်သည်ဆိုသော ပြောဆိုချက်များ ထွက်ပေါ်နေပြီး ယင်းသို့ ဖြစ်လာပါက ကမ္ဘာ့နံပါတ်(၁)နှင့် နံပါတ်(၂)တင်းနစ်သမားတို့ တွေ့သည့် ပွဲစဉ် ဖြစ်လာမည်ဖြစ်သည်။

၂၀၀၉ က မဲလ်ဘုန်းပါ့ခ်တွင် ဖလားရခဲ့သောနာဒယ်သည် ယခုနောက်ပိုင်းခေတ်၌ မည်သူတစ်ဦး မျှ မရသေးသော မှတ်တမ်း အဖြစ် ဂရင်းဆလမ်လေးခုစလုံးကို အနည်းဆုံးနှစ်ကြိမ်ရသော ကစားသမားဖြစ်လာရန် လာမည့် ဗိုလ်လုပွဲတွင် အနိုင်သာလိုတော့သည်။ အကယ်၍ ဂျိုကိုဗစ်နှင့် နာဒယ် ဗိုလ်လုပွဲတွင်တွေ့ဆုံပါက ၅၃ ပွဲမြောက် ထိပ်တိုက် တွေ့ဆုံမှု ဖြစ်သည်။ ယခင် ၅၂ပွဲတွေ့ဆုံရာ နာဒယ်က ၂၅ပွဲနိုင်ပြီး ဂျိုကိုဗစ်က ၂၇ပွဲ နိုင်ထားသည်။

နာဒယ်သည် ဗိုလ်လုပွဲသို့ တက်လှမ်းလာသော ခြောက်ပွဲတွင် ရှုံးနိမ့်ခဲ့ခြင်းမရှိဘဲ ရာနှုန်း ပြည့် အနိုင်ရထားသည်။    

-Ref: BBC