ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးသန်းဌေး ဒက္ခိဏသီရိမြို့နယ် ပါတီကော်မတီဝင်များနှင့်တွေ့ဆုံ

 

နေပြည်တော် ဇန်နဝါရီ ၂၃

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌဦးသန်းဌေး နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးအစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၁ဝ နာရီက ဒက္ခိဏသီရိမြို့နယ်ပါတီကော်မတီဝင်များနှင့်တွေ့ဆုံခဲ့သည်။

အဆိုပါတွေ့ဆုံပွဲတွင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး က ပါတီလုပ်ငန်းများကို စည်းကမ်းတကျဆောင်ရွက်ကြစေ လိုကြောင်း၊ မိမိတို့၏ ရပ်ကွက်/ကျေးရွာများတွင် ဒေသခံ ပြည်သူများနှင့် အမြဲထိတွေ့ဆောင်ရွက်ပေးကြစေလိုကြောင်း၊ ပါတီအတွက်ယုံကြည်မှုဖြင့် စိတ်ရင်းစေတနာကောင်းနှင့် ပါတီတာဝန်များကို ဆောင်ရွက်ပေးကြသဖြင့် လေးစားပါ ကြောင်းပြောကြားခဲ့ပြီး ဒက္ခိဏသီရိမြို့နယ် ပါတီကော်မတီ ဝင်များက ¤င်းတို့၏ပါတီတာဝန်များနှင့် ဆောင်ရွက်နေမှုများ ကို ပါတီဥက္ကဋ္ဌထံ တင်ပြဆွေးနွေးခဲ့ကြရာ ပါတီဥက္ကဋ္ဌက ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌဦးသန်းဌေး၊ အထွေထွေအတွင်းရေးမှူးဦးသက်နိုင်ဝင်း၊ ဗဟိုအလုပ်အမှုဆောင် ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌ ဦးဝေလွင်နှင့် ကော်မတီဝင်များ၊ ပြည်ထောင်စုနယ်မြေ ပြည် ခိုင်ဖြိုးပါတီ နာယကများဖြစ်ကြသော ဦးခင်မောင်ဌေးနှင့် ဦးမှတ်ကြီး၊ နေပြည်တော်ခရိုင် ပါတီအတွင်းရေးမှူး ဦးနွေ နှင်းမောင်နှင့် ကော်မတီဝင်များ၊ ဒက္ခိဏသီရိမြို့နယ်ပါတီ ဥက္ကဋ္ဌဦးဇော်မျိုးနိုင်နှင့် ကော်မတီဝင်များ၊ မြို့နယ်အရန်ကော် မတီဝင်များ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

ပေါ်ဦး