သန်လျှင် ပြည်ခိုင်ဖြိုးပါတီမှ ဘေးကင်လုံခြုံ စိတ်ချရသော စာသင်ကျောင်း အခြေပြု ဘေးအန္တရာယ် လျော့ပါးရေး သင်တန်းနှင့် သင်ထောက်ကူ ပစ္စည်းများ လှူဒါန်း
ယမန်နေ့ (၂၃-၁-၂၀၁၉) နံနက် (၉) နာရီ အချိန်တွင် သန်လျင် မြို့နယ်၊ ကွမ်းခြံကုန်းကျေးရွာရှိ သဒ္ဓမ္မဇောတိကာရုံ ဘုန်းတော်ကြီးသင် ပညာရေးမူလွန်ကျောင်း၌ လူမှုဖွံ့ ဖြိုးရေးအသင်း ၊ Latter-Day Saint Charities (LDSC) အဖွဲ့နှင့် သန်လျင်မြို့ နယ် ပြည်ခိုင်ဖြိုးပါတီ တို့ ပူးပေါင်းဆောင်ရွက်သည့် ဘေးကင်းလုံခြုံ စိတ်ချရသော စာသင်ကျောင်းအခြေပြု ဘေး အန္တရာယ်လျော့ပါးရေး သင်တန်းအား ကျင်းပပြုလုပ်သည်။
ဆက်လက်ပြီး သဒ္ဓမ္မဇောတိကာရုံ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၁၀၃၈) ဦးတို့အား ဗလာစာအုပ် (၃၄၆) ဒါဇင်၊ စာရေးကိရိယာများ၊ အဝတ်အထည် (၁၀၃၈) စုံ ၊သောက်ရေစစ်အိုး၊ ရှေးဦးသူနာပြု ဆေး သေတ္တာ (၃) စုံ၊ Hand Speaker (၃) စုံ၊ အသက်ကယ် အင်္ကျီ (၅) စုံ တို့ကို လှူ ဒါန်း ခဲ့ပါသည်။
USDP သန်လျင်