ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်ဦးဝဏ္ဏမောင်လွင် အာရှယဉ်ကျေးမှုဆိုင်ရာကောင်စီထူထောင်ခြင်းအခမ်းအနားသို့တက်ရောက်

 

ရန်ကုန် ဇန်နဝါရီ ၁၆

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဝဏ္ဏမောင် လွင်သည် ကမ္ဘောဒီးယားနိုင်ငံ ဆိုင်ယံရိဗ် မြို့တွင် ယမန်နေ့ဒေသစံတော်ချိန် ညနေ ၆ နာရီကကျင်းပခဲ့သော အာရှယဉ်ကျေးမှု ဆိုင်ရာကောင်စီ ဖွဲ့စည်းထူထောင်ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

အာရှယဉ်ကျေးမှုဆိုင်ရာကောင်စီ ဖွဲ့စည်းတည်ထောင်ခြင်းအခမ်းအနားသို့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန် တက် ရောက်ကာ အဖွင့်အမှာစကား ပြောကြားခဲ့ သည်။ ထို့ပြင် အာရှယဉ်ကျေးမှုဆိုင်ရာ ကောင်စီအား ဖွဲ့စည်းတည်ထောင်ခဲ့သည့် အာရှနိုင်ငံရေးပါတီများ နိုင်ငံတကာ ညီလာခံ(ICAPP) မှ တာဝန်ရှိသူအချို့က ဆိုင်ယံရိဗ်ကြေညာစာတမ်းအား ဖတ်ကြား ကြေညာခြင်းနှင့် ကျေးဇူးတင်စကားပြော ကြားခြင်းများ ပြုလုပ်ခဲ့သည်။ အခမ်း အနားသို့ တက်ရောက်ခဲ့သည့် အင်ဒို နီးရှားနိုင်ငံ ဒုတိယသမ္မတ မိုဟာမက်ယူ ဆက်ဖ်ကယ်လာနှင့် ကိုလံဘီယာသမ္မတ ဟောင်းအန်ဒရီးပက်စ်တာနာတို့ကလည်း ဂုဏ်ပြုစကားများ ပြောကြားပေးခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံတွင် ရုံးချုပ်ထား ရှိမည့် အာရှယဉ်ကျေးမှုကောင်စီအား တရားဝင်ဖွဲ့စည်းတည်ထောင်ခြင်း အခမ်း အနားကို ဒေသစံတော်ချိန် ည ၇ နာရီတွင် ကျင်းပခဲ့ကာ ကမ္ဘောဒီယားဝန်ကြီးချုပ် ဟွန်ဆန်က အာရှယဉ်ကျေးမှုကောင်စီအား တရားဝင်ဖွဲ့စည်းတည်ထောင်ပေးခဲ့သည်။ ထို့နောက် ဆက်လက်ကျင်းပခဲ့သော ညစာ စားပွဲသို့လည်း ဦးဝဏ္ဏမောင်လွင်နှင့်အတူ လိုက်ပါသွားသည့် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးတို့ တက်ရောက်ခဲ့သည်။

ဦးဝဏ္ဏမောင်လွင်နှင့် ဦးသိန်းထွန်းဦး တို့သည် ယနေ့တွင်လည်း အာရှယဉ် ကျေးမှုကောင်စီ ဖွဲ့စည်းတည်ထောင်သည့် အခမ်းအနားနှင့် ဆက်စပ်အစည်းအဝေး များသို့တက်ရောက်လာသည့် နိုင်ငံတကာ မှ ကိုယ်စားလှယ်များနှင့်အတူ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံပညာနှင့်ယဉ်ကျေးမှုအဖွဲ့၏ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ထားသော အန်ကောဝတ် ကျောင်းတော်နှင့် ဘာယွန်ကျောင်းတော် များသို့ သွားရောက်လေ့လာခဲ့ကြောင်း သတင်းရရှိသည်။

NG