စလင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

စလင်း ဇန်နဝါရီ ၁၅

မကွေးတိုင်းဒေသကြီး စလင်း မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ၏လုပ်ငန်းညှိ နှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁ဝ နာရီက စလင်းမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရုံးအစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ အခမ်း အနားတွင် မကွေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီကော်မတီဝင်ဦးကျာ်သူဦးက အဖွင့်အမှာ စကားပြောကြားသည်။

ဆက်လက်၍ စလင်းမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌဦးခင်မောင်လွင်ကနှုတ် ခွန်းဆက်စကားပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီအတွင်းရေးမှူး ဦးဇော်နိုင်ကရပ်ကျေးကော်မတီများ ပြန်လည်ဖွဲ့စည်းရေးကိစ္စများကိုရှင်း လင်းပြောကြားသည်။ ရပ်ကွက် ကျေးရွာအုပ်စုဥက္ကဋ္ဌတစ်ဦးကအဆို ပြုတင်သွင်းသည်။ ယင်းနောက် ရွေးချယ်ခံရသောရပ်ကွက်ကျေးရွာ ကော်မတီဝင်များကို မင်းဘူးခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီအတွင်းရေးမှူး ဦးစိန်လှ မင်းကအတည်ပြုပေးပြီး အခမ်း အနားကို အောင်မြင်စွာ ရုပ်သိမ်း လိုက်ကြောင်း သိရသည်။

စစ်ကြည်(စလင်း)