ဒုံးကျည်နည်းပညာအား လက်တွေ့ပြရန် အီရန် ပြင်ဆင်

အီရန်အစိုးရသည် ပိုင်ဆိုင်ထားသော ဒုံးကျည်နည်းပညာနှင့်ပတ်သက်၍ လက်တွေ့ထုတ်ဖော်ပြသရန် ရည်ရွယ်သော လုပ်ဆောင်ချက်တစ်ရပ်အား လာမည့်လအနည်းငယ်အတွင်း စတင်ဆောင်ရွက်ဖွယ်ရှိကြောင်း အေအက်ဖ်ပီသတင်းဌာနက ဖော်ပြသည်။

အီရန်သမ္မတ ရူဟာနီက ကမ္ဘာပတ်လမ်းကြောင်းအတွင်းသို့ ဂြိုဟ်တုနှစ်လုံးအား လွှတ်တင်မည်ဟု အတည်ပြုခဲ့ ခြင်းသည် အီရန်အနေဖြင့် ပိုင်ဆိုင်ထားသော ဒုံးကျည်နည်းပညာအား လက်တွေ့ပြသရန် ရည်ရွယ်ခြင်း ဖြစ်သည်ဟု ကျွမ်းကျင်သူများက သုံးသပ်လျက်ရှိသည်။ အမေရိကန်နှင့် ဥရောပနိုင်ငံများက အီရန်အပေါ် အရေးယူပိတ်ဆို့မှုများ တိုးမြှင့်လာခြင်းကြောင့် အီရန်အစိုးရသည် ဖျက်အားပြင်းလက်နက်များအား သယ်ဆောင် နိုင်သည့် ဒုံးကျည်နည်းပညာကို ပိုင်ဆိုင်ထားသည်ဟု သွယ်ဝိုက်သည့်နည်းဖြင့် ပြသလိုခြင်းလည်း ဖြစ်ဖွယ်ရှိသည်။  

-Ref: AFP