မက်ဂရီဂေါ်ရဲ့ ကမ်းလှမ်းချက်ကို တုံ့ပြန်လိုက်တဲ့ နာဆုကာဝါ

ပွဲတိုင်းနိုင် လက်ဝှေ့သမား မေဝယ်သာနဲ့ ထိုးသတ်ခဲ့ပြီးနောက်မှာ လူသိများထင်ရှားလာခဲ့တဲ့ ဂျပန်ကစ်ဘောင်ဆင် ကစားသမား နာဆုကာဝါက သိုင်းပေါင်းစုံ ကစားသမား မက်ဂရီဂေါ်ရဲ့ ကမ်းလှမ်းချက်ကို တုံ့ပြန်လိုက်ပါပြီ။

မေဝယ်သာနဲ့ နာဆုကာဝါတို့ပွဲစဉ်ကတော့ သရုပ်ပြပွဲလို့ ခေါ်စမှတ်တွင်ခဲ့ပြီး စက္ကန့် ၁၂၀ အတွင်းမှာပဲ မေဝယ်သာ က နာဆုကာဝါကို ၃ ကြိမ်တိုင်တိုင် လှဲသိပ်ပြီး အနိုင်ယူခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အိုင်ယာလန် သိုင်းပေါင်းစုံ ကစားသမား မက်ဂရီဂေါ်က နာဆုကာဝါနဲ့ ထိုးသတ်ချင်တယ်လို့ တွစ်တာမှာ ပွဲတောင်းလာခဲ့ပါတယ်။ ” တိုကျိုမြို့ကို သွားပြီး နာဆုကာဝါနဲ့ သိုင်းပေါင်းစုံပွဲစဉ် ကစားချင်ပါတယ်။ နွေရာသီ မတိုင်ခင်ပေါ့။ အဲဒီပွဲဖြစ်အောင် စီစဉ် ပေးကြပါဗျာ”လို့ မက်ဂရီဂေါ်က ရေးသားခဲ့ပါတယ်။

” လေးစားရတဲ့ မစ္စတာ မက်ဂရီဂေါ်ခင်ဗျာ။ ကျွန်တော့်နာမည်ကို မှတ်မိနေလို့ ကျေးဇူးအရမ်းတင်ပါတယ်။ ကျွန်တော်နဲ့ ထိုးဖို့ စဉ်းစားပေးလို့ ဂုဏ်ယူမိပါတယ်။ သိပ်မကြာခင်အချိန်အတွင်း ကျွန်တော်တို့ နှစ်ယောက် ၅၈ ကီလိုတန်းမှာ ကစ်ဘောက်ဆင်စည်းမျဉ်းတွေနဲ့ ကြိုးဝိုင်းထဲ တွေ့ကောင်းတွေ့နိုင်ပါတယ်”လို့ နာဆုကာဝါက တုံ့ပြန် ရေးသားခဲ့ပါတယ်။ 

_Ref: Skysports