ကမ္ဘာ့တန်ဖိုးအများဆုံး ဘောလုံးသမားများစာရင်းကို မက်ဘီ ဦးဆောင်

ဘောလုံးလေ့လာရေးအဖွဲ့ CIES က ပြုစုထားသော ကမ္ဘာ့တန်ဖိုးအများဆုံး ဘောလုံးသမားများစာရင်းကို ပီအက်စ်ဂျီမှ ပြင်သစ်လူငယ်တိုက်စစ်မှူး မက်ဘီ က ယူရို ၂၁၈ ဒသမ ၅ သန်းဖြင့် ဦးဆောင်ထားပြီး ၎င်း၏ပီ အက်စ်ဂျီအသင်းဖော် နေမာသည် ယူရို ၁၉၇ ဒသမ ၁ သန်းဖြင့် တတိယ နေရာ၌ ရှိနေသည်။

ယင်းစာရင်း၏ ဒုတိယနေရာတွင် စပါးတိုက်စစ်မှူး ဟယ်ရီကိန်းက ယူရို ၂၀၀ ဒသမ ၃ သန်း ဖြင့် ရှိနေပြီး မန်စီးတီးမှ အင်္ဂလန် တိုက်စစ်မှူး စတာလင်က ယူရို ၁၈၅ ဒသမ ၈ သန်းဖြင့် စတုတ္ထ နေရာ၌ရှိနေသည်။

၎င်း၏နောက်တွင် လီဗာပူး တိုက်စစ်မှူး ဆာလက်၊ ဂျူဗင်တပ်တိုက်စစ်မှူး ဒိုင်ဘာလာ၊ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီ၊ မန်ယူတိုက်စစ်မှူး လူကာကူ၊ ဘာစီလိုနာ ကွင်းလယ်လူ ကော်တင်ဟိုနှင့် မန်စီးတီးတိုက်စစ်မှူး ဆာနေး တို့ အသီးသီးရပ်တည်နေသည်။

ပြင်သစ်နှင့်အတူ ကမ္ဘာ့ဖလားရခဲ့ပြီး ပီအက်စ်ဂျီသို့ပြောင်း လာသည့် မက်ဘီ၏တန်ဖိုးသည် အချိန်တိုအတွင်း များစွာ တိုးတက်လာပြီး ၎င်းသည် လီဂူးဝမ်း၏ တတိယဝင်ငွေအကောင်းဆုံး ကစားသမားဖြစ်သည်။ ကာဗာနီ နှင့် နေမာ တို့ပြီးနောက် တတိယ ဝင်ငွေအကောင်းဆုံးဖြစ်နေသော မက်ဘီသည် လာမည့်နှစ်အနည်းငယ်အတွင်း ကမ္ဘာ့ဝင်ငွေအကောင်းဆုံး ကစားသမားဖြစ်လာနိုင်သည်ဟု ပြင်သစ်သတင်းစာများက ဖော်ပြသည်။

မက်ဘီသည် မိုနာကိုတွင်ရခဲ့သော လစာတစ်နှစ်ယူရိုတစ်သန်းထက်များစွာ ပိုများသော လစာအဖြစ် ပီအက်စ်ဂျီ တွင် ယူရို ၈၅ ဒသမ ၅ သန်း ရနေပြီး စပွန်ဆာများမှလည်း ကြီးမားသော ဝင်ငွေများ ရရှိနေသည်။

—Ref: Goal/bareablaugranes