မိုးမိတ်​မြို့နယ်​ ပြည်​​ခိုင်​ဖြိုးပါတီ လပတ်​ပုံမှန်​အစည်းအ​ဝေးနှင့် ၂၀၁၈ခုနှစ်​အတွက်​ စည်းရုံး​ရေးအ​ကောင်းဆုံးဆု ချီးမြင့်ပွဲ ခမ်းအနားကျင်းပ

 

မိုးမိတ်​၊ ဇန်​န၀ါရီ (၇)ရက်

ယမန်နေ့ (7-1-2019 ) ရက်နေ့တွင်​ ရှမ်း/​မြောက်​ မိုးမိတ်​မြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီ၏ နှစ်​ပတ်​လည်​ အစည်းအ​ဝေး၊ဗဟိုအမျိုးသမီးညီလာခံ အေ​တွ့အကြုံရှင်းလင်းပွဲ​​​နှင့် စည်းရုံး​ရေး ထူးချွန်​ဆု​ပေးပွဲ အခမ်းအနားကို မြို့နယ်​ပါတီရုံး၌ မနက်​ (၉)နာရီမှ ​နေ့လည်​(၁)နာရီအထိ ကျင်းပခဲ့ပါသည်​။

အခမ်းအနားတွင်​ မြို့နယ်​ပါတီဥက္ကဌ ​ဒေါ်နန်းခင်​မြင့်ဌေးမှ အဖွင့်အမှာစကား ​ပြောကြားပြီး တက်​​ရောက်​လာကြ​သော ပါတီဝင်​လုပ်​​ဖော်​ကိုင်​ဖက်​များမှ (၂၀၂၀)ပါတီ​အောင်​နိုင်​​ရေးနှင့် ပါတီ၏​ရှေ့ဆက်​​ဆောင်​ရွက်​သင့် သည်​များကို ပါဝင်​​ဆွေး​နွေးခဲ့ကြပြီး အမျိုးသမီးညီလာခံ ကိုယ်​စားလှယ်​များက ညီလာခံအ​တွေ့အကြုံများကို မျှ​ဝေခဲ့ကြပါသည်​။

ထို့​နောက်​ (၂၀၁၈)ခုနှစ်​အတွက်​ စည်းရုံး​ရေး အ​ကောင်းဆုံးဆုကို လက်​ခုတ်​တန်း ရပ်​ကွက်​မှ ဦးဝင်း​ဖေအား မြို့နယ်​ပါတီဥက္ကဌမှ ​ပေးအပ်​ချီးမြှင့်ခဲ့ပြီး ​နေ့လည်​(၁) နာရီတွင်​ အခမ်းအနား ​အောင်​မြင်​စွာပြီးဆုံးခဲ့ပါသည်​။

credi >>> ye yint