ကမ္ဘာ့တန်ကြေးအမြင့်ဆုံး ကစားသမားစာရင်းတွင် နေမာ ထိပ်ဆုံးရပ်တည်

ကမ္ဘာ့တန်ကြေးအမြင့်ဆုံး ကစားသမားစာရင်းမှာ နေမာက ဦးဆောင်နေပြီး ပရီးမီးယားလိဂ်ကစားသမား တွေလည်း ထိပ်ဆုံးက ပါဝင်နေတယ်လို့ KPMG လို့ ခေါ်တဲ့ အဖွဲ့အစည်းတခုရဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။

ပီအက်စ်ဂျီတိုက်စစ်မှူးနေမာက ပေါင် ၂၀၆.၅ သန်းနဲ့ ထိပ်ဆုံးက ရပ်တည်နေပြီး ပီအက်စ်ဂျီလူငယ်တိုက်စစ်မှူး အန်ဘာပေးကတော့ ၁၉၃.၈ သန်းနဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။

ဘာစီလိုနာ ဂန္တဝင်ကစားသမားဖြစ်လာတော့မယ့် မက်ဆီကတော့ ၁၉၃.၂ သန်းတန်ကြေး ရှိနေသေးပါတယ်။

သူတို့ရဲ့ နောက်မှာတော့ လီဗာပူးက ဆာလက်၊ စပါးက ဟယ်ရီကိန်း၊ ချဲလ်ဆီးက ဟာဇက်၊ မန်စီးတီးက ဒီဘရိုင်း တို့က ထိပ်ဆုံး ၁၀ ယောက်စာရင်းမှာ အစဉ်လိုက်ရပ်တည်နေပါတယ်။

အဆင့် ၈ နေရာမှာတော့ အက်သလက်တီကိုတိုက်စစ်မှူး ဂရက်ဇ်မန်း က ပေါင် ၁၁၃.၂ သန်းနဲ့ ဖော်ပြခံရသလို အဆင့် ၉ နေရာမှာတော့ မန်ယူကွင်းလယ်လူ ပေါလ်ပေါ့ဘာက ၁၀၇.၅ သန်း၊ အဆင့် ၁၀ နေရာမှာ ဘာစီလိုနာမှ ကော်တင်ဟိုက ၁၀၆.၅ သန်းနဲ့ ဈေးအမြင့်ဆုံးကစားသမားတွေအဖြစ် ရှိနေပါတယ်။

ဂျူဗင်တပ်စ်တိုက်စစ်မှူး ရော်နယ်ဒိုကတော့ ထိပ်ဆုံး ၁၀ ဦးစာရင်းမှာ ပါဝင်လာခြင်း မရှိခဲ့သလို ၉၆.၅ သန်းတန်ကြေးသာ ရှိခဲ့ပါတယ်။

*DVB