နိုင်ငံ ၁၁ နိုင်ငံမှာ တန်ကြေးပေါင် သန်း ၂၀၀ ရှိတဲ့ ကစားသမား ၄၂ ဦးကို အငှားချထားတဲ့ ချယ်လ်ဆီး အပြောင်းအရွှေ့ ပေါ်လစီ ဝေဖန်ခံနေရ

ချယ်လ်ဆီးအသင်းဟာဇန်နဝါရီဈေးကွက်မှာ ဒေါ့တ်မန်အသင်းကွင်းလယ်လူပေါ်လစ်ဆစ်ကို ပေါင် ၅၈ သန်းနဲ့ ခေါ်ယူပြီး ပြန်အဌားချထားခဲ့ရာမှာ ခုရာသီအသင်းအနေနဲ့ လူငယ်ကစားသမား အများစု ပါဝင်တဲ့ တခြားအသင်းထံ အဌားချအရေအ တွက်မှာ ၄၂ဦးအထိရှိခဲ့တာကြောင့် အသင်းလူငယ်အပြောင်းအရွှေ့ ပေါ်လစီနဲ့ ပတ်သက်ပြီး ပရိသတ်တွေက ပြင်းပြင်းထန်ထန်ဝေဖန် သွားခဲ့ကြပါတယ်။

ချယ်လ်ဆီးအသင်းဟာ ဒီရာသီမှာ ဥရောပကလပ်သင်းတွေထဲ ကစားသမားတွေကို အဌားနဲ့ စေလွှတ်ရာမှာ အရေအတွက် အများဆုံးအသင်းဖြစ်ခဲ့ပြီး၊ မတူညီတဲ့နိုင်ငံပေါင်း ၁၁ နိုင်ငံကိုကစားသမား ၄၁ ဦး အထိ စေလွှတ်ခဲ့ရာမှာ အများစုမှာလူ ငယ်ကစားသမားတွေဖြစ်ကာ စုစုပေါင်းဈေးကွက် တန်ဖိုးပေါင်သန်း ၂၀၀ အထိ ရှိခဲ့တယ်လို့ သိရပါတယ်။ လာမယ့်နှစ်မှာ FIFA က အသင်းတသင်းကို လူငယ်ကစားသမားအများဆုံး ၈ ဦးအထိပဲ စေလွှတ်ခွင့် ပေးမယ်ဆိုတဲ့ ဥပဒေသစ်ကြောင့် ချယ်လ်ဆီးအသင်းအနေနဲ့ ခုစေလွှတ်ထားတဲ့ လူငယ် ကစားသမားထဲမှ အများစုကို လက်လွှတ်ဆုံးရှုံးခံရဖို့ ရှိနေပါတယ်။

လူငယ်ကစားသမားတွေကို ငွေကုန် အချိန်ပေးသေချာပြုစုပျိုးထောင်ပေးပြီးမှ နေရာမပေးနိုင်လို့ပါရမီရှိပြီး အားထားရမယ့် လူငယ်ကစားသမားတွေကို တခြားအသင်းတွေဆီ အလွယ်တကူ လက်လွှတ်ခံနေရတဲ့ အသင်းရဲ့ လူငယ်ပေါ်လစီနဲ့ ပတ်သက်ပြီး ပရိသတ်တွေက အကျိုးမဲ့အချည်းအနှီးလုပ်ရပ်လို့ ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့ကြပါတယ်။  အသင်းမှာရှိတဲ့ ပါရမီရှင် လူငယ်ကစားသမား ဟူဆန်အိုဒီကို ခုဇန်နဝါရီဈေးကွက်မှာ ဘိုင်ယန်မြူးနစ်အသင်းက ပေါင်သန်း ၂၀ နဲခေါ်ဖို့ ကြိုးစားနေချိန်မှာ ကိုယ့်အသင်းက တခြားအသင်းကစားသမား ပေါ်လစ်ဆစ်ကို ပေါင် ၅၈ သန်းနဲ့ ပေးခေါ်ခဲ့တဲ့လုပ်ရပ်ဟာ အသင်းမှာရှိတဲ့ လူငယ်စီမံကိန်းကို အယုံကြည်ကင်းမဲ့စေတဲ့ လုပ်ရပ်ဖြစ်သလို အကယ်ဒမီစီမံကိန်း အသီးအပွင့်ကိုလည်း အချည်းအနှီးဖြစ်စေတယ်လို့ ဆိုခဲ့ကြပါတယ်။

ဒါကြောင့်အသင်းအနေနဲ့ လူငယ်စီမံကိန်းနဲ့ လူငယ်အပြောင်းအရွှေ့ပေါ်လစီနဲ့ပတ်သက်ပြီး ပြန်လည်သုံးသပ်ဖို့ အချိန် ရောက်ပြီလို့ဆိုခဲ့ကြပြီး နည်းပြနဲ့ အသင်းတာဝန်ရှိသူတွေအနေနဲ့ ဒေါ့တ်မန်အသင်းလို လူငယ်ကစား သမားတွေကို နေရာနဲ့ ယုံကြည်မှု ပေးကစားစေနည်းလမ်းကို ကျင့်သုံးသင့်တယ်လို့ တောင်းဆိုသွားခဲ့ကြပါတယ်။

_Ref: Skysports