ကစ်ဘောက်ဆာသမား နာဆူကာဝါကို စက္ကန့်(၁၄၀)အတွင်း အနိုင်ယူပြီး ဆုကြေး ဒေါ်လာ ၉ သန်း ရရှိခဲ့တဲ့ မေ၀ဲလ်သာ

အမေရိကန်လယ်ဝှေ့ကျော် မေ၀ယ်သာ သည် ဂျပန်နိုင်ငံတွင် ယှဉ်ပြိုင်ထိုးသတ်ခဲ့သည့် စိန်ခေါ်ပွဲ၌ ကစ်ဘောက်ဆာ ချန်ပီယံ နာဆူကာဝါ အား ပထမအချီ၌ပင် အလဲထိုးဖြင့် အနိုင်ရရှိခဲ့သည်။ ဒီဇင်ဘာ ၃၁ ရက်ညတွင် ယှဉ်ပြိုင်ထိုးသတ်ခဲ့သည့် အဆိုပါပွဲစဉ်ကို သုံးချီယှဉ်ပြိုင်ရန် စီစဉ်ထားခဲ့ခြင်းဖြစ်သော်လည်း ပထမအချီ၌ပင် နာဆူကာဝါ သည် သုံးကြိမ်အထိ လဲကျခဲ့ပြီး အရှုံးပေးခဲ့ရခြင်းလည်းဖြစ်သည်။

နာဆူကာဝါ သည် ခြေထောက်အသုံးပြုမှုတွင် ထူးချွန်သူဖြစ်သော်လည်း ယခုပြိုင်ပွဲသည် မေ၀ယ်သာ အားသာသည့် လက်ဝှေ့သီးသန့်ပြိုင်ပွဲဖြစ်၍ အရေးနိမ့်ခဲ့ရသည့်အပြင် မေ၀ယ်သာ၏ လက်သီးထိုးအားကိုလည်း ရင်ဆိုင်နိုင်ခဲ့ခြင်း မရှိ၍ ပထမအချီ၌ပင် အလဲထိုးခံရခြင်းလည်းဖြစ်သည်။ မေ၀ယ်သာ သည် ယခုပွဲကို အနိုင်ရခဲ့၍ အမေရိကန်ဒေါ်လာ ၉ သန်း ဆုကြေးရခဲ့သည်။

-Ref: Daily Mail