အားကစား သတင်းတိုများ

■ ဒီဇင်ဘာ ၂၆ ရက်ပွဲစဉ်များမတိုင်မီ ပရီးမီးယားလိဂ်ဒုတိယရာသီဝက်သို့ ဇယားထိပ်ဆုံးအသင်းအဖြစ် ဝင်ရောက်ရန် ပြင်ဆင်နေစဉ် မိမိအပေါ် ဖိအားပေးနေခြင်းမရှိ ဟု လီဗာပူးနည်းပြ ဂျာဂန် ကလော့ပ် က ပြောသည်။

■  ရိုးမားနှင့် အေစီမီလန်သို့ ပြောင်းမည်ဟု သတင်းထွက်နေသော တိုက်စစ်မှူးဖာဘီယိုကွာဂလီယာရယ်လာ (၃၆) နှစ် အား ဆမ်ဒိုးရီး ယားက ၂၀၂၀ ဇွန်လအထိ စာချုပ်သစ် ချုပ်ဆိုသည်။

■ စတုဂတ်မှ ပြင်သစ်နောက်ခံလူ ပါဗက်ကိုရာသီကုန်တွင် ခေါ်ယူမည်ဟု ဘိုင်ယန်က ပြောထားစဉ် သဘောတူညီမှု ရရှိထားပြီးဖြစ်သည်ဆိုခြင်းကို ၎င်းက ပယ်ချကာ အသင်းတွင် ပျော်ရွှင်နေသည်ဟု ပြော သည်။

■ နာပိုလီသည် စီးရီးအေတွင် ထိပ်ဆုံးမှ ချန်ပီယံဂျူဗင်တပ်၏ အဓိကပြိုင်ဘက်ဟု မှတ်ယူခံထားရသော်လည်း ဂျူဗင်တပ်ကို ကျော်တက်ရန် ဖြစ်နိုင်ခြေမရှိဟု နာပိုလီနည်းပြ အန်ဆယ်လော့တီ က ပြောသည်။

■ အာဆင်နယ်က ၎င်းတို့၏ အာမေးနီးယားတိုက်စစ်မှူး မစ်ခီတာယန်သည် ညာခြေထောက်ဒဏ်ရာကြောင့် သီတင်းခြောက်ပတ်အထိ အနားယူရမည်ဟု ကြေညာသည်။

■ နည်းပြ ပိုချက်တီနို၏ စပါးအသင်းသည် ၎င်းတို့၏ ပရီးမီးယားလိဂ်ရာဇဝင်တွင် ရလဒ်အကောင်းဆုံး ရာသီအစတစ်ခုကို ပိုင်ဆိုင်ထားပြီး ၎င်းကယခုအရှိန်ကို ဆက်ထိန်းထားနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောသည်။

■ ယူနိုက်တက်နည်းပြ ဆိုးလ်ရှား ဟာ အသင်းကို ရာသီကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင် စွမ်းဆောင်ပေး နိုင်ခဲ့မယ်ဆိုရင် ဆုကြေးအဖြစ် ပေါင် (၂)သန်း ရရှိမှာ ဖြစ်တယ်လို့ Daily Star က ဖြော်ပခဲ့ပါတယ်။ မောင်ရင်ဟို ထုတ်ပယ်ခံရပြီးနောက် ယူနိုက်တက်ကို (၂)ပွဲဆက်တိုက် အနိုင်ရရှိအောင် ဆိုးလ်ရှားက စွမ်းဆောင်ပေးထား ပြီးလည်း ဖြစ်ပါတယ်။

■ ရီးရဲလ်ကွင်လယ်လူ လူကာမိုဒရစ်က သူ့ရဲ့ ကစားသမားဘ၀ကို ဘာနေဗျူးမှာ ကုန်ဆုံးသွားချင်လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ Goal.com ရဲ့ ဖော်ပြချက်မှာ အင်တာမီလန်က မိုဒရစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေ ပေမယ့်လည်း ကစားသမားဘ၀ကတော့ ရီးရဲလ်မှာသာ ဆက်နေဖို့ ဆန္ဒရှိနေခဲ့တယ်လို့ သိရပါတယ်။