ရန်ကင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပါတီဝင်များနှင့်တွေ့ဆုံ၍ ပါတီဝင်စိစစ်ခြင်းလုပ်ဆောင်

 

ရန်ကုန် ဒီဇင်ဘာ ၂၆

ရန်ကင်းပြည်ခိုင်ဖြိုးပါတီသည် ယမန်နေ့ မွန်းလွဲ ၂နာရီမှ စတင်ပြီး (၉)ရပ်ကွက်ရှိ ပိတောက်မြိုင်လမ်း၊ အင်ကြင်းမြိုင်လမ်း၊စိန်ပန်းမြိုင်လမ်း၊ ထင်ရှုးမြိုင်လမ်း၊ သရဖီလမ်းနှင့် အရန်မီးသတ်ဝင်းလိုင်းခန်းများတွင် နေထိုင်ကြသည့် ပြည်ခိုင်ဖြိုးပါတီ ဝင်များ၏ နေအိမ်များသို့သွား ရောက်ပြီးပါတီဝင်များနှင့်တွေ့ဆုံကာ ပါတီဝင်စိစစ်ခြင်းကို ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။

ပါတီဝင်များနှင့်တွေ့ဆုံရာသို့ ခရိုင်ကော်မတီဝင်(ရန်ကင်းမြို့နယ် တာဝန်ခံ)ဒေါ်ယဉ်ချောလှိုင်၊မြို့နယ် ပါတီဥက္ကဋ္ဌဦးဘချစ်နှင့် မြို့နယ် ကော်မတီဝင်ဦးတင်အောင်၊ ဦးခင် မောင်အေး၊ အရန်ကော်မတီဝင် ဦးဝင်းမောင်၊ဒေါ်သဲအိနြေ္ဒကျော်ဝင်း၊ ရပ်ကွက်ကော်မတီဝင်များစုစုပေါင်း အင်အား ၁၃ဦးလိုက်ပါပြီး အဖွဲ့ ငါးဖွဲ့ခွဲကာဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။