ပြည်ခိုင်ဖြိုးပါတီဗဟိုကော်မတီဝင် ခရိုင်တာဝန်ခံနှင့် မြို့နယ်ပါတီကော်မတီဝင်များ မန်သဲအုပ်စုသို့သွားရောက်

 

မန်သဲ ဒီဇင်ဘာ ၂၃

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် မော်လိုက်ခရိုင် တာဝန်ခံဦးခင်မောင် ထွန်း၊ ဖောင်းပြင်မြို့နယ် ပါတီ အတွင်းရေးမှူး ဦးဇော်ဝင်း၊ ဦးမောင်ရွှေ၊ ဦးဆန်းဝင်းတို့သည် ယမန်နေ့ နံနက် ၁၁နာရီမှစ၍ မန်သဲ ကျေးရွာအုပ်စု ပေါက်ကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌လွှတ်တော် အတွေ့အကြုံများရှင်းလင်းခြင်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးကဏ္ဍ များကို ဒေသခံပြည်သူများနှင့် ရင်းနှီးစွာ ရှင်းလင်းတင်ပြဆွေး နွေးကြသည်။

အဆိုပါ လွှတ်တော်အတွေ့ အကြုံရှင်းလင်းခြင်းနှင့် ကျေးလက် ဒေသဖွံ့ဖြိုးရေးကဏ္ဍများကို ဆွေး နွေးပွဲသို့ ပေါက်ကုန်းကျေးရွာမှ လူထုအင်အား ၇ဝ တက်ရောက် ခဲ့ကြသည်။

ဆက်လက်၍ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် မော်လိုက်ခရိုင် တာဝန်ခံဦးခင်မောင်ထွန်းက တိုင်း ဒေသကြီး လွှတ်တော်အတွေ့အကြုံ နှင့် ဒေသအလိုက် လိုအပ်ချက် များကို လွှတ်တော်တွင်တင်ပြပြီး မေးခွန်းမေးမြန်းခဲ့ပုံများအား ရှင်း လင်းတင်ပြဆွေးနွေးသွားသည်။

ထို့နောက်မြို့နယ်ပါတီအတွင်း ရေးမှူးဦးဇော်ဝင်းက ကျေးလက် ဒေသဖွံ့ဖြိုးရေး ကဏ္ဍများကို ကျေးလက်နေ ပြည်သူများနှင့် အပြန်အလှန်ဆွေးနွေးကြပြီး မွန်းလွဲ ၁နာရီတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခြင်းကို အောင်မြင် စွာရပ်နားကြပြီး တာပန်ကျေးရွာ သို့ ဆက်လက်ထွက်ခွာခဲ့ကြသည်။

မန်သဲအုပ်စု တာပန်ကျေးရွာ တွင်လည်းခင်မင်ရင်းနှီးစွာဖြင့်မွန်းလွဲ ၂နာရီတွင် တွေ့ဆုံဆွေးနွေးကြပြီး မွန်းလွဲ၃နာရီခွဲတွင်တွေ့ဆုံဆွေးနွေး ခြင်းများကို အောင်မြင်စွာရပ် နားပြီး ဖောင်းပြင်မြို့သို့ ပြန်လည် ထွက်ခွာခဲ့ကြကြောင်း သိရသည်။

အောင်မျိုးထွန်း(ကနီလူငယ်)