ဖူလ်ဟမ်တိုက်စစ်မှူး မီထရိုဗစ် ဆားဘီးယား တနှစ်တာ အကောင်းဆုံး ကစားသမားဆု ရရှိ

ဖူလ်ဟမ်တိုက်စစ်မှူး မီထရိုဗစ်ဟာ ဆားဘီးယား တနှစ်တာ အကောင်းဆုံး ကစားသမားဆု ရရှိသွားပါတယ်။

အသက် ၂၄ နှစ်ရှိ တိုက်စစ်မှူး မီထရိုဗစ်ဟာ ၂၀၁၈ ခုနှစ် တနှစ်အတွင်းမှာ ကလပ်အသင်း အတွက်ရော နိုင်ငံအသင်းအတွက်ပါ ခြေစွမ်းပြခဲ့ပြီး စုစုပေါင်း သွင်းဂိုး ၃၁ ဂိုး သွင်းခဲ့တာပါ။

နိုင်ငံအသင်းကနေ အသိအမှတ်ပြု ဂုဏ်ပြုပေးလို့ ကျေနပ်မိတယ်လို့လည်း မီထရိုဗစ်က ပြောကြားခဲ့ပါတယ်။

မီထရိုဗစ်ဟာ ဆားဘီးယားအသင်းရဲ့ ကမ္ဘာ့ဖလားပွဲစဉ်တွေနဲ့ နေးရှင်းလိဂ် ပွဲစဉ်တွေမှာလည်း ဂိုးတွေ သွင်းယူခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က ဖူလ်ဟမ်အသင်းအတွက် ၁၂ ဂိုးသွင်းပြီး ပရီးမီးယားလိဂ်ဆီ တန်းတက်အောင် စွမ်းဆောင်ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ ဖူလ်ဟမ်အသင်းဟာ တန်းဆင်းဇုန်မှာ ရပ်တည်နေရပါတယ်။

 —Ref: Goal.com