ကယားပြည်နယ်ပြည်ခိုင်ဖြိုးပါတီ မိသားစု ခရစ်စ္စမတ်ပွဲတော် ကျင်းပခြင်း

 

ကယားပြည်နယ် – ဒီဇင်ဘာ ၂၀

ယ နေ့ ၂၀-၁၂-၂၀၁၈ ရက်နေ့ နေ့လည်(၁၀း၀၀)နာရီမှ နေ့လည်(၁း၃၀) နာရီ အချိန်အထိ ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အောက်ထပ် ခန်းမတွင်ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ မိသားစု ခရစ်စ္စမတ်ပွဲတော် ကျင်းပပြုလုပ်ပါသည်။

ယင်းသို့ ကျင်းပရာတွင် ဗဟိုအလုပ်အမှု ဆောင် ကယားပြည်နယ်၊ပြည်ခိုင်ဖြိုး ပါတီ ဥက္ကဌ ဦးပိုးရယ်အောင်သိန်း ကယားပြည်နယ် လွိုင်ကော်မြို့ ကယားဖူးနှစ်ခြင်းအသင်းတော် အကျိုးဆောင် သင်းထောက်ဆရာ ဦးမိုးဇက် ပြည်ခိုင်ဖြိုးပါတီမိသားစုနှင့် နောင်ယား(ခ)လူငယ် များဗဟိုကော်မတီဝင်များ လွှတ်တော်ကိုယ်စား လှယ် များ ပြည်နယ်ပါတီ နာယကများ ပြည်နယ်ယာယီ အတွင်းရေးမှူး ဦးကျော်မြင့်နှင့် ပြည်နယ်ကော်မတီ ဝင်များ ပြည်နယ်အရံကော်မတီဝင်များ လွိုင်ကော်ခရိုင် ဘောလခဲခရိုင်နှင့် မြို့နယ်(၇)မြို့နယ် မှ ပြည်ခိုင်ဖြိုး ပါတီ ဥက္ကဌ အတွင်းရေးမှူးနှင့် ဘဏ္ဍာရေးမှူးများ စုစုပေါင်း အင်အား (၁၀၀)ဦး တက်ရောက်ကြောင်း သတင်းရရှိသည်။

ထာဝရ မြေချစ်သူ