ပြည်ခိုင်ဖြိုးပါတီမှ မူလတန်းကျောင်းသားများအား စာအုပ်နှင့်ခဲတံများလှူဒါန်း

 

သိန္နီ ဒီဇင်ဘာ ၁၈

သိန္နီမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်ကော်မတီအဖွဲ့သည် ယမန်နေ့ မွန်းလွဲ ၁ နာရီ မိနစ် ၂ဝ တွင် ကုန်ညောင်ကျေးရွာအုပ်စု မူလတန်းကျောင်း ၌ ကျောင်းသားကျောင်းသူများသို့ ဗလာ စာအုပ်နှင့်ခဲတံများ လှူဒါန်းဝေငှပြီး KG တန်းကလေးငယ်များအား ပေါင်မုန့်နှင့် နွားနို့အာဟာရများ တိုက်ကျွေးခဲ့ကြသည်။