ထီးချိုင့်မြို့နယ် ကျေးရွာအုပ်စု ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်

 

ဝက်လက် ဒီဇင်ဘာ ၁၈

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ထီးချိုင့်မြို့နယ် အလည်တောကျေးရွာအုပ်စု အလည်တောကျေးရွာ မြို့နယ်အရန်ပါတီ ကော်မတီဝင် ဦးမောင်မောင်နေအိမ်နှင့် ကွမ်းဘောင်ကျေးရွာအုပ်စု လယ်မှီးကျေး ရွာပါတီအုပ်စုဥက္ကဋ္ဌ ဦးကျော်စိန်နေအိမ် များ၌ ယမန်နေ့နံနက် ၉နာရီခွဲတွင် ကျေးရွာ အုပ်စု ပါတီဆိုင်းဘုတ်အသစ်များတင်ခြင်း ကို ဆောင်ရွက်ခဲ့သည်။

အဆိုပါ ဆိုင်းဘုတ်တင်ပွဲကို ကသာ ခရိုင်ပါတီဥက္ကဋ္ဌဦးထွန်းအောင်ဝင်း၊ ခရိုင် ပါတီအတွင်းရေးမှူး ဦးမင်းဇော်မြင့်နှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ ရပ်/ ကျေးအုပ်စုပါတီဥက္ကဋ္ဌနှင့် ပါတီဝင်များ စုစုပေါင်းအင်အား ၅၅ ဦး တက်ရောက် ခဲ့သည်။

ဆက်လက်ပြီး လယ်မှီးကျေးရွာတွင် ရပ်မိရပ်ဖများ၊ ရွာသားများနှင့်တွေ့ဆုံကာ ခရိုင်ပါတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများကဒေသ အခြေအနေများကို ဆွေးနွေးညှိနှိုင်းဆောင် ရွက်ခဲ့သည်။

စိမ်းနိုင်(ဝက်လက်)