ဥတ္တရသီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၁၇

ပြည်ခိုင်ဖြိုးပါတီ ဥတ္တရသီရိမြို့နယ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၁ နာရီတွင် မြို့နယ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ အစည်းအဝေးကို ဗဟိုကော်မတီဝင် ပြည်ထောင်စုနယ်မြေ အတွင်းရေးမှူး ဦးဌေးဝင်း၊ အရန်ဗဟိုကော်မတီဝင် နေပြည်တော်ခရိုင်ပါတီဥက္ကဋ္ဌ ဦးအောင်နိုင်ဦး၊ ပြည်ထောင်စုနယ်မြေ ကော်မတီဝင် နယ်မြေတာဝန်ခံ ဦးကျော်ဌေး၊ နေပြည်တော်ခရိုင် ကော်မတီဝင် နယ်မြေတာဝန်ခံ ဦးမြင့်ဇော်ထွန်း၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဇော်လင်းနှင့် မြို့နယ်ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုနယ်မြေအတွင်းရေးမှူးက ပါတီအောင်နိုင်ရေး၊ ပါတီအတွင်း စည်းလုံးညီညွတ်ရေးတို့ ဆွေးနွေးခဲ့ပြီး ပြည်ထောင်စုနယ်မြေကော်မတီဝင် ဦးကျော်ဌေးနှင့် ခရိုင်ပါတီဥက္ကဋ္ဌနှင့် ခရိုင်ကော်မတီဝင်တို့က ပါတီဝင်အင်အား ထပ်မံစည်းရုံးပြီး ပါတီဝင်ကတ်များရရှိနိုင်ရေး၊ ပြည်သူလူထုအတွင်း ဆန်များ ဆက်လက်ရောင်းချနိုင်ရေး၊ ရှေ့ဆက်ဆောင်ရွက်ရမည့် ပါတီလုပ်ငန်းစဉ်များဆွေးနွေးခဲ့ရာ မြို့နယ်ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များက ပါတီ လုပ်ငန်း ဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ရန်ကျန်ရှိနေသည်များကို ဆွေးနွေးတင်ပြခဲ့ကြရာ ဖြည့်စွက်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြပြီးနောက် မွန်းလွဲ ၁ နာရီတွင် အစည်းအဝေးပြီးဆုံးခဲ့ကြောင်း သိရသည်။

အောင်အောင်(နေပြည်တော်)