သမိုင်းဝင်ခေါင်းလောင်းများ ပြန်လည်ပေးအပ်သော အမေရိကန်ကို ဖိလစ်ပိုင်သမ္မတ ချီးကျူး

သမ္မတဒူတာတီ ဘယ်လန်ဂီဂါခေါင်းလောင်း ထိုးနေစဉ် (Erik De Castro/REUTERS)

 လွန်ခဲ့သည့် ရာစုနှစ် တစ်ခုကျော်က အမေရိကန်တပ် ဖွဲ့ဝင်များ လုယူသွားသော ခေါင်း လောင်းသုံးလုံးသည် ယခုအခါ ဖိလစ်ပိုင်နိုင်ငံရှိ ၎င်းတို့၏ မူလခရစ်ယာန်ဘုရားကျောင်းသို့ ပြန်လည် ရောက်ရှိလာသည်။

 လွန်ခဲ့သော (၁၁၇)နှစ်က ယင်းခေါင်းလောင်းများ ယူဆောင်သွားရာ ဘယ်လန်ဂီဂါမြို့၌ ပြုလုပ်သည့် အခမ်းအနားတစ်ခုတွင် တိုင်းသူပြည်သားများနှင့် အမေ ရိကန်ကို ဖိလစ်ပိုင်သမ္မတ ဒူတာ တီက ချီးကျူးခဲ့သည်။

ဖိလစ်ပိုင်-အမေရိကန် စစ် ပွဲအတွင်း ၁၉၀၁ က ဘယ်လန်ဂီ ဂါ အစုလိုက်အပြုံလိုက် သတ် ဖြတ်ခံရမှုအပြီး လက်စားချေတုံ့ ပြန်ခြင်း အစိတ်အပိုင်းအဖြစ် ယင်းခေါင်းလောင်းများ သိမ်း ဆည်းခံရသည်။

 ဆယ်စုနှစ်များစွာ ဖိအား ပေးခံရပြီးနောက် ယင်းခေါင်း လောင်းများကို ပြန်ပေးမည်ဟု ဖိလစ်ပိုင်ရှိ အမေရိကန်သံရုံးက ဩဂုတ်လတွင် ကြေညာခဲ့သည်။

‘‘အမေရိကန်တွေရဲ့ ရက် ရောတဲ့လုပ်ရပ်အတွက် တစ်ဦး တစ်ယောက်က အသိအမှတ်ပြု ဂုဏ်ပြုမှုမရနိုင်ဘူး။ ဒီအသိအ မှတ်ပြု ဂုဏ်ပြုမှုကို အမေရိကန် နဲ့ ဖိလစ်ပိုင်ပြည်သူတွေပဲ ထိုက် တန်ပါတယ်’’ဟု ဒူတာတီက ပြောသည်။

 ၁၉၀၁ က ဖိလစ်ပိုင်စစ်သွေးကြွများ ချုံခိုတိုက်ခိုက်သော ကြောင့် အမေရိကန်တပ်ဖွဲ့ဝင် ၄၈ ဦး သေဆုံးရမှုအပေါ် လက် တုံ့ပြန်ခြင်းအဖြစ် အမေရိကန် ဗိုလ်ချုပ်ကြီး ဂျာကော့ဘ်အိတ်ခ်ျ စမစ်က ဘယ်လန်ဂီဂါဧရိယာကို မြေလှန်ပစ်ရန် အမိန့်ပေးခဲ့သည်။

ခေါင်းလောင်းများကို ဖိလစ် ပိုင်သို့ ပြန်ပေးရန် ဆယ်စုနှစ်များ စွာ တောင်းဆိုခဲ့သော်လည်း အ မေရိကန် စစ်ပြန်ဟောင်းများနှင့် နိုင်ငံရေးသမားများက ယင်းခေါင်းလောင်းများသည် အသတ်ခံရ သော အမေရိကန် တပ်ဖွဲ့ဝင်များ ကို ဂုဏ်ပြုထားကြောင်း ပြော ကြားကာ ပြန်လည်လွှဲပြောင်းပေး ရန် ငြင်းဆိုခဲ့သည်။

—Ref: BBC