မန်ယူပွဲတွေကြည့်ရှု့ခွင့် ပိတ်ပင်ခံခဲ့ရတဲ့ အသင်းနည်းပြဟောင်း ဖာဂူဆန်
မန်ယူအသင်းရဲ့ ဂန္ထ၀င်နည်းပြကြီးဖာဂူဆန်ဟာ ပြီးခဲ့တဲ့ စနေနေ့ကယှဉ်ပြိုင်ကစားခဲ့ကြတဲ့ မန်ယူအသင်းနဲ့ဖူလ်ဟမ်အသင်း တို့ရဲ့ပွဲစဉ်ကို ဆရာဝန်တွေက ဘောလုံးပွဲကြည့်ရန်လုံလောက်သော ကျန်းမာရေးမရှိအကြောင်းပြချက်နဲ့ ကြည့်ရှု့ခွင့်ပိတ်ပင်ထားခဲ့တာမို့ လာရောက်ကြည့်ရှု့နိုင်ခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။ ဖာဂူဆန်ဟာ ၂၀၁၈၊ မေလတုန်းကဦးနှောက်သွေးယိုစီးမှုဖြစ်ကာ အရေးပေါ် ခွဲစိတ် ကုသမှုကိုခံယူထားခဲ့ရပြီး မကြာသေးခင်ကမှ ကျန်းမာရေးပြန်လည်ကောင်းမွန်လာလို့ ဆေးရုံ ကနေပြန်ဆင်းခွင့်ရထားတာဖြစ်ပါတယ်။
နေပြန်ကောင်းပြီးနောက်မှာ မန်ယူအသင်းပွဲတွေကို လိုက်ကြည့်တတ်တဲ့ ဖာဂူဆန်ဟာဖူလ်ဟမ်နဲ့ကစားရမယ့် ပွဲမတိုင်ခင် ၉ ရက်အတွင်းမှာကစားခဲ့တဲ့ မန်ယူအသင်းရဲ့ပွဲစဉ်တွေကို အိမ်ကွင်း အဝေးကွင်း မရွေးလိုက်ပါအားပေးနေခဲ့ရာမှာ ဆောက်သမ်တန်အသင်းနဲ့ ပွဲစဉ်မှာ စိတ်လှုပ်ရှားမှုတွေလျှော့ချပေးတဲ့ ဆေးဗူးကို ကိုင်လျက်အားပေးနေတဲ့ သူ့ပုံကိုရုပ်သံကနေတစ် ဆင့် ၎င်းရဲ့ကျန်းမာရေးကို စောင့်ရှောက်ပေးနေတဲ့ ဆရာဝန်တွေက တွေ့ရှိခဲ့ ပြီးနောက် အခုလိုမျိုးပွဲကြည့်ရှု့ခွင့်ကို ပိတ်ပင်လိုက်တာဘဲဖြစ်ပါတယ်။
ဖာဂူဆန်ကလည်း ဆရာဝန်တွေရဲ့ တောင်းဆိုမှုကို လက်ခံခဲ့ပြီး ဖူလ်ဟမ် ၊ ဗလင်စီယာအသင်းတို့နဲ့ ကစားခဲ့တဲ့မန်ယူအသင်းရဲ့ ပွဲစဉ်တွေကို လာရောက်ကြည့်ရှု့ခြင်းမရှိခဲ့ပါဘူး။ ဒါပေမယ့် နောက်အပတ်တွင်ကစားရမယ့် အခါးသီးဆုံး အင်္ဂလန်ဒါဘီ ပြိုင်ဖက်လီဗာပူးလ်အသင်းနဲ့ ပွဲကိုတော့ သွားရောက်ကြည့်ရှု့သွားဖို့ ရှိနေတယ်လို့ ဖာဂူဆန်နဲ့ နီးစပ်တဲ့ မိတ်ဆွေတွေရဲ့ ပြောကြားမှုကနေ တစ်ဆင့် သိရပါတယ်။ မန်ယူအသင်းပြိုင်ဘက်အသင်း ပရိသတ်တွေကတော့ မော်ရင်ညိုရဲ့ရလဒ်ရော ခြေစွမ်းရောမကောင်းတဲ့ အသင်းပွဲတွေကို လိုက်ကြည့်ပြီး ဖာဂူဆန် ရောဂါအခြေအနေ ပိုဆိုးလာတာဖြစ်မယ်လို့ နောက်ပြောင် ဝေဖန်နေခဲ့ကြပါတယ်။
ဖာဂူဆန်ဟာ ကျန်းမာရေးပုံမှန်ဖြစ်လာပြီဆိုတာနဲ့ တပြိုင်တည်း သူ့ရဲ့ ဇနီးကေသီ ဘယ်လောက်တားတား မန်ယူအသင်းပွဲစဉ်တွေကို သွားရောက်အားပေးခဲ့ပါတယ်။ ဒါပေမယ့် ဖာဂီနဲ့ မန်ယူအသင်းဟာ အခုတလော သိပ်ကံစပ်ပုံတော့ မရပါဘူး။ ဖာဂူဆန် လာရောက်အားပေးတဲ့ ပွဲစဉ်တွေမှာ ဆိုရင်မန်ယူအသင်းဟာ သရေပွဲတွေ၊ ရှုံးပွဲတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ဖာဂူဆန် လာရောက် အားမပေးခဲ့တဲ့ ဖူလ်ဟမ်နဲ့ပွဲမှာတော့ ဂိုးပြတ် အနိုင်ရရှိသွားခဲ့ပါ တာဟာလဲ တိုက်ဆိုင်တဲ့အမှတ်တရအလွဲတစ်ခုပါပဲ။
90minutes