ရုရှားနှင့်ပတ်သက်သည့်မေးခွန်းများကို ဂျပန်နိုင်ငံခြားရေးဝန်ကြီး လျစ်လျူရှု

တိုကျို ဒီဇင်ဘာ ၁၂

ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာရိုကိုနို သည် နယ်နိမိတ်ဆိုင်ရာ အငြင်းပွားမှု ကိစ္စရပ်များကို ဂျပန်နှင့် ညှိနှိုင်းဆွေးနွေးရာတွင် ရုရှား၏ သဘောထားတင်းမာမှုများနှင့် ပတ်သက်၍ သတင်းထောက်များက မေးမြန်း လာသည့် မေးခွန်း အချို့ကို ဖြေကြားခြင်း မရှိကြောင်း သိရသည်။

အင်္ဂါနေ့က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် တာရိုကိုနိုသည် အကြီးတန်းရုရှားအာဏာပိုင်များက ပြောကြားခဲ့သည့် မှတ်ချက်များနှင့် စပ်လျဉ်း၍ ၄င်း၏ သဘောထားကို မေးမြန်းခြင်း ခံခဲ့ရသည်။ ရုရှားနိုင်ငံခြားရေး ဝန်ကြီး ဆာဂျီလက်ဗရော့က အကယ်၍ ဂျပန် သည် ဒုတိယက္ဘာစစ်အပြီးတွင် ကျွန်း လေးကျွန်း ရုရှားပိုင် နယ်နိမိတ် ဖြစ်လာမှုကို လက်မခံနိုင်ပါက ရုရှားသည် ညှိနှိုင်းဆွေးနွေးမှုများ ဆက်လက် လုပ်ဆောင်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ရုရှားသည် အဆိုပါကျွန်းများကို ထိန်းချုပ်ထားပြီး ဂျပန်က ၄င်းပိုင်ဆိုင်သည့် ကျွန်းများဖြစ်သည်ဟု အငြင်းပွား လျက်ရှိသည်။ ဂျပန်အစိုးရက အဆိုပါ ကျွန်းများသည် ဂျပန်တို့ ဘိုးစဉ်ဘောင်ဆက်ပိုင်ဆိုင်လာခဲ့သည့် နယ်မြေအစိတ်အပိုင်းများဖြစ်ပြီး ဒုတိယက္ဘာစစ်အပြီးတွင် မတရားသိမ်းယူခြင်းခံလိုက်ရကြောင်းကိုသာ ဆက်လက် အငြင်းပွားခဲ့သည်။

ရုရှားဒုတိယဝန်ကြီးချုပ် ယူရီ ထရုတ့်နက်ဗ်က ၄င်း၏ နိုင်ငံသည် ဆွေးနွေးပွဲများတွင် ဆက်လက် သဘောထား တင်းမာနေဦးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းကိစ္စနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် သတင်းထောက်များ က မေးခွန်းထုတ်ခဲ့ရာတွင် ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာရိုကိုနိုက ဖြေကြားခြင်းမရှိခဲ့ဘဲ အခြားမေးခွန်းကို မေးရန် လေးကြိမ်တိုင်တိုင် ပြောကြားခဲ့ကြောင်း သိရသည်။

အင်န်အိတ်ခ်ျကေ