ကောလင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ပုံမှန်အစည်းအဝေးကျင်းပ

 

ကောလင်း ဒီဇင်ဘာ ၁ဝ

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ကောလင်း မြို့နယ် ပြည်ခိုင်ဖြိုးပါတီလပတ်ပုံမှန်အစည်းအဝေးကို ယမန်နေ့မွန်းတည့် ၁၂ နာရီက ကျင်းပခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးအောင် သန်းဦးက ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ ကို ရှင်းလင်းဆွေးနွေးပြောကြားသည်။ ထို့နောက် အစည်းအဝေးတက်ရောက်လာသူ မြို့နယ်ကော်မတီဝင် များက မိမိတို့ဆောင်ရွက်ထားရှိသော ပါတီလုပ်ငန်း များကို ဆွေးနွေးတင်ပြကြသည်။

အဆိုပါအစည်းအဝေးသို့ စစ်ကိုင်းတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီကော်မတီဝင် ဦးအောင်ကိုစံ၊ ကသာ ခရိုင်ပါတီဥက္ကဋ္ဌ ဦးထွန်းအောင်ဝင်းနှင့် မြို့နယ်ကော် မတီဝင်များ၊ ရပ်/ကျေးပါတီဥက္ကဋ္ဌများနှင့် ပါတီဝင် များ စုံညီစွာတက်ရောက်ခဲ့ကြောင်း သိရသည်။

စိုင်းလူမင်း