မိုးမိတ်ခရိုင် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး မဘိမ်းမြို့နယ်ပါတီတာဝန်ရှိသူများနှင့်အတူကျေးရွာပါတီဝင်များနှင့်တွေ့ဆုံ

 

မဘိမ်း ဒီဇင်ဘာ ၁ဝ

မိုးမိတ်ခရိုင် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူးဦးမြင့်လှိုင်၊ ခရိုင် ပါတီကော်မတီဝင်ဦးတိုးမြင့်အောင်၊ မဘိမ်းမြို့နယ်ပါတီဥက္ကဋ္ဌ ဦးဇော် လွင်၊ အတွင်းရေးမှူးဦးတင်ဝယ်၊ မြို့နယ်ပါတီကော်မတီဝင် ဦးကံရွှေ နှင့်ရပ်ကျေးပါတီဥက္ကဋ္ဌ ဦးစံလင်း တို့သည် ယမန်နေ့က ခိုတာကျေးရွာ အုပ်စု ဝိုင်းလုံကျေးရွာပါတီဝင်များ နှင့်သွားရောက်ပြီးပါတီဝင်အင်အား စိစစ်ခြင်းလုပ်ငန်းများ ဆောင်ရွက် ခဲ့သည်။ ပါတီဝင်များနှင့် တွေ့ဆုံရာ တွင် ခရိုင်အတွင်းရေးမှူးနှင့်မြို့နယ် ပါတီဥက္ကဋ္ဌတို့က ပါတီဝင်များ အင်အား တောင့်တင်းခိုင်မာရေး၊ အလွှာအလိုက်ဖွဲ့စည်းရေး၊ပါတီဝင် တစ်ဦးချင်းအလိုက်အခွင့်အရေးများ၊ ပါတီအောင်နိုင်ရေးလုပ်ငန်းများ တွင်တက်ကြွစွာပါဝင်ရေး၊ ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက် ရေး၊ယနေ့နိုင်ငံရေးဖြစ်စဉ်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ပါတီဝင် အင်အားစိစစ်ခြင်းလုပ်ငန်းဆက်လက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

  • ဇော်လွင်(မဘိမ်း)