တပ်ကုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကျေးရွာနေပြည်သူများသို့ ဆန်များ လျှော့ဈေးဖြင့်ရောင်းချ

နေပြည်တော်၊ ဒီဇင်ဘာ ၁ဝ

ပြည်ထောင်စုနယ်မြေ တပ်ကုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီကော်မတီက ယမန်နေ့နံနက် ၁ဝ နာရီတွင် တပ်ကုန်း မြို့နယ် လွှပုံအုပ်စု လွှပုံကျေးရွာနှင့် သာယာအေးအုပ်စု ရွာသစ်ကျေးရွာများသို့ ရပ်/ကျေးပါတီဆိုင်းဘုတ်တင်ပြီး ဆန်များကို လျှော့ဈေးဖြင့် ပြည်သူများအား ရောင်းချပေးခဲ့ကြောင်းသိရသည်။ ထိုသို့ဆောင်ရွက်ရာတွင် နေပြည်တော်ခရိုင်ကော်မတီဝင် နယ်မြေတာဝန်ခံ ဦးဇော်မျိုးသိန်း၊ တပ်ကုန်းမြို့နယ်ပါတီဥက္ကဋ္ဌ ဦးဝင်းဗိုလ်၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးနှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်/ကျေးဥက္ကဋ္ဌကော်မတီဝင်များက အထူးလျှော့ ဈေးဆန်များ ကျေးရွာအတွင်း လှည့်လည်ရောင်းချပေးပြီး လွှပုံကျေးရွာအုပ်စုနှင့် သာယာအေးအုပ်စု ပါတီဆိုင်း ဘုတ်များကို ရပ်/ကျေးကော်မတီဝင်နေအိမ်များ၌ အသစ် ပြန်လည်စိုက်ထူခဲ့ကြောင်းသိရသည်။

ထို့နောက် ရပ်/ကျေးပါတီကော်မတီဝင် ဦးဂျပန်နေအိမ်၌ ပါတီဝင်၊ ပြည်သူလူထု ၁၂ဝ ခန့်နှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ရာ ခရိုင်ကော်မတီဝင် နယ်မြေတာဝန်ခံနှင့် မြို့နယ်ပါတီဥက္ကဋ္ဌတို့က နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေး အခြေအနေများ ရှင်းလင်းပြောကြားခဲ့ပြီး ယခုလိုမိမိတို့ မြို့နယ်ပါတီအနေဖြင့် အသစ်လဲလှယ်ရန်ရှိသော ရပ်/ ကျေးပါတီဆိုင်းဘုတ်များကို ပြင်ဆင်စိုက်ထူရင်းဖြင့် ပြည်သူများသက်သာစွာ ဝယ်ယူနိုင်ရေးအတွက် ဆန်များကို လိုက်လံ ရောင်းချပေးခြင်းဖြစ်ကြောင်း၊ ပါတီအနေဖြင့် ထပ်မံပြီး အခမဲ့ကျန်းမာရေး စောင့် ရှောက်ကုသပေးခြင်း များလည်း စတင် ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ယခုလို မြို့နှင့်အလှမ်းဝေးသည့် ကျေးရွာများကို ဦးစားပေး ဆောင်ရွက်ရန်စီစဉ်ထားကြောင်း ပြောဆိုဆွေးနွေးခဲ့ကြရာ ပါတီဝင်များနှင့် ပြည်သူလူထု ဝမ်းမြောက်ဝမ်းသာ စွာဖြင့် ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

အောင်အောင် (နေပြည်တော်)