တပ်ကုန်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ကျေးရွာနေပြည်သူများသို့ ဆန်များလျှော့ဈေးဖြင့်ရောင်းချ

 

နေပြည်တော် ဒီဇင်ဘာ ၁ဝ

ပြည်ထောင်စုနယ်မြေတပ်ကုန်း မြို့နယ် ပြည်ခိုင်ဖြိုးပါတီကော်မတီ က ယမန်နေ့နံနက် ၁ဝ နာရီတွင် တပ်ကုန်းမြို့နယ် လွှပုံအုပ်စု လွှပုံ ကျေးရွာနှင့် သာယာအေးအုပ်စု ရွာ သစ်ကျေးရွာများသို့ ရပ်/ကျေး ပါတီဆိုင်းဘုတ်တင်ပြီး ဆန်များ ကို လျှော့ဈေးဖြင့် ပြည်သူများအား ရောင်းချပေးခဲ့ကြောင်းသိရသည်။ထိုသို့ဆောင်ရွက်ရာတွင် နေပြည်တော် ခရိုင်ကော်မတီဝင် နယ်မြေတာဝန်ခံဦးဇော် မျိုးသိန်း၊ တပ်ကုန်းမြို့နယ်ပါတီဥက္ကဋ္ဌ ဦးဝင်းဗိုလ်၊ အတွင်းရေးမှူး၊ဘဏ္ဍာရေး မှူးနှင့် မြို့နယ်ကော်မတီဝင်များ၊ရပ်/ကျေး ဥက္ကဋ္ဌကော်မတီဝင်များက အထူးလျှော့ ဈေးဆန်များ ကျေးရွာအတွင်းလှည့်လည် ရောင်းချပေးပြီး လွှပုံကျေးရွာအုပ်စုနှင့် သာယာအေးအုပ်စု ပါတီဆိုင်းဘုတ်များ ကို ရပ်/ကျေးကော်မတီဝင်နေအိမ်များ၌ အသစ်ပြန်လည်စိုက်ထူခဲ့ကြောင်းသိရသည်။

ထို့နောက်ရပ်/ကျေးပါတီကော်မတီဝင် ဦးဂျပန်နေအိမ်၌ ပါတီဝင်၊ ပြည်သူလူထု ၁၂ဝ ခန့်နှင့်တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ခဲ့ရာ ခရိုင်ကော်မတီဝင် နယ်မြေတာဝန်ခံနှင့် မြို့နယ်ပါတီဥက္ကဋ္ဌတို့က နိုင်ငံရေး၊ စီးပွား ရေး၊ ဘာသာရေးအခြေအနေများ ရှင်းလင်း ပြောကြားခဲ့ပြီး ယခုလိုမိမိတို့ မြို့နယ်ပါတီ အနေဖြင့် အသစ်လဲလှယ်ရန်ရှိသော ရပ်/ ကျေးပါတီဆိုင်းဘုတ်များကို ပြင်ဆင်စိုက် ထူရင်းဖြင့် ပြည်သူများသက်သာစွာ ဝယ် ယူနိုင်ရေးအတွက် ဆန်များကို လိုက်လံ ရောင်းချပေးခြင်းဖြစ်ကြောင်း၊ ပါတီအနေ ဖြင့် ထပ်မံပြီး အခမဲ့ကျန်းမာရေး စောင့် ရှောက်ကုသပေးခြင်းများလည်း စတင် ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ယခုလိုမြို့နှင့် အလှမ်းဝေးသည့်ကျေးရွာများကို ဦးစားပေး ဆောင်ရွက်ရန်စီစဉ်ထားကြောင်း ပြောဆို ဆွေးနွေးခဲ့ကြရာ ပါတီဝင်များနှင့် ပြည်သူ လူထု ဝမ်းမြောက်ဝမ်းသာစွာဖြင့်ကျေးဇူး တင်စကားများပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

အောင်အောင်(နေပြည်တော်)